သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲအတွက် အလှူငွေများဆက်လက်လှူဒါန်း

ဗဟန်း နိုဝင်ဘာ ၁

၁၃၈၇ ခုနှစ် မြန်မာနိုင်ငံစာဆိုတော်နေ့အထိမ်းအမှတ် (၃၈)ကြိမ်မြောက် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲအတွက် အလှူငွေများဆက်လက်လှူဒါန်းကြသည်။

ထိုသို့လှူဒါန်းရာတွင် (ဗိုလ်ချုပ်ကြီးမဟာသရေစည်သူစိုးဝင်း)နှင့်ဇနီး သီရိပျံချီ၊ အဂ္ဂမဟာသီရိသုဓမ္မ သိင်္ဂီဒေါ်သန်းသန်းနွဲ့(မလေးမုံရွာ) မိသားစုနှင့် ဦးကျော်ညွန့်ရည်-ဒေါ်ဝါဝါကျော် (ကျော်ညွန့်ရည်စာပေ)တို့က အလှူငွေကျပ်ဆယ်သိန်းစီ၊ စာရေးဆရာမြင့်စိုး (နတလ)ကငွေကျပ်ခုနှစ်သိန်း၊သာကေတမြို့နယ်စာရေးဆရာအသင်းက ငွေကျပ်ငါးသိန်း၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ငွေကျပ်သုံးသိန်း၊ ဝဏ္ဏကျော်ထင်ဦးသိုက်ထွန်း အဂ္ဂမဟာသီရိ သုဓမ္မသိင်္ဂီဒေါ်နွဲ့နွဲ့ကြည်မိသားစု၊ ဦးမောင်မောင်မြင့်အေး-ဒေါက်တာစောယုနွယ် (လာဘ်မိုးဆွေစာပေတိုက်)နှင့် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် စာရေးဆရာအသင်းတို့ကက ငွေကျပ်နှစ်သိန်းစီ၊ အောင်မြေသာစံမြို့နယ် စာရေးဆရာအသင်း က ထပ်မံလှူဒါန်းငွေကျပ် ၁၂၀၀၀၀၊ ဗိုလ်ချုပ်စိန်ထွား(ငြိမ်း)(ညိုထွေး)၊ ဒုတိယဗိုလ်မှူးကြီး ဖေငြိမ်း(ငြိမ်း) (ကျော်စောဟန်)၊ သူရဇော်(ခင်တိုင်းရင်းမေ)၊ စာရေးဆရာတင့်တယ်မိသားစု၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ငြိမ်း)ဦးစောငွေ(မောင်ငွေအိုး)၊ ရေနံ့သာဝင်းမောင်၊ စာရေး ဆရာ ရာမညမင်းသက်နိုင်၊ အမျိုးသားစာပေဆုရရွှေဒါးမောင်မြင့်ထွန်း၊ ဦးသာစိန်(ကပ္ပတိန်သာစိန်)၊ စာရေးဆရာမမေဧပရယ်မိုး၊ စာတက်မြောက်ရေးနှင့် ဒေသဖွံ့ဖြိုးမှုကူညီရေးအဖွဲ့၊ သံဖြူဇရပ် မြို့နယ်စာရေးဆရာအသင်း၊ မင်္ဂလာဒုံမြို့နယ်စာရေးဆရာအသင်း၊ ကြည့်မြင်တိုင်မြို့နယ် စာရေးဆရာအသင်း၊ ပုသိမ်မြို့နယ် စာရေးဆရာအသင်းနှင့် ကော့မှူးမြို့နယ် စာရေးဆရာ အသင်းတို့က ငွေကျပ်တစ်သိန်းစီ၊ ဦးဝင်းနိုင်(မင်းဆက်ပိုင်)၊ ဦးဗညွန့် (ကျွန်းစဥ်မြေစောခက်)၊ ကျောက်တံတားမြို့နယ် စာရေးဆရာအသင်းနှင့် တိုက်ကြီးမြို့နယ်စာရေးဆရာအသင်းတို့က ငွေကျပ်ငါးသောင်းစီ၊ ဦးမောင်ကျော့(မောင်မောင်ကျော့-ပလက်ဝ)က ငွေကျပ် လေးသောင်း၊ ဆရာမောင်ခေတ်ထွန်း-ဒေါ်မြင့်မြင့်ရီ(ဒေါ်လေးမြင့်မြင့်ရီ)၊ သဥ္ဇာလှိုင်(လားရှိုး)နှင့် ပေါင်းတည်မြို့နယ် စာရေးဆရာအသင်းကငွေကျပ်သုံးသောင်းစီ၊ ဒေါ်တင်သိန်းလှ (တက္ကသိုလ်ပွင့်လန်း)၊သာပေါင်းမြို့နယ် စာရေးဆရာအသင်းနှင့် သန်လျင်မြို့နယ် စာရေးဆရာအသင်းတို့ကငွေကျပ် နှစ်သောင်းစီ၊ အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇဦးစိုးဝင်း(တက္ကသိုလ်စိုးယဥ်)-စာရေးဆရာမ (မလေးယဥ်)မိသားစုက ငွေကျပ်(၂၉)သိန်းတန်ဖိုးရှိ စာအုပ်များ၊ စာရေးဆရာမ ပွင့်(ရန်ကုန်)က ငွေကျပ် ခုနှစ်သိန်းတန်ဖိုးရှိစာအုပ်များနှင့် ချင်းဗုဒ္ဓသာသနပါလကအဖွဲ့ (ဗဟို)ကငွေကျပ် ၄၀၅၀၀၀ တန်ဖိုးရှိစာအုပ်များ အသီးသီးပေးအပ်လှူဒါန်းကြရာ အသင်းဥက္ကဋ္ဌ ဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး)၊ ဒုတိယဥက္ကဋ္ဌ(၁)ဦးမျိုးထွန်း (မောင်စိမ်းနောင်-လယ်ဝေး)၊ဒုတိယဥက္ကဋ္ဌ(၂)ဦးမြတ်စိုး(မြတ်စိုး-လှိုင်)၊ အတွင်းရေးမှူး ဦးညွန့်တင်(မောင်ငြိမ်းသူ-ကြို့ပင်ကောက်)နှင့်တွဲဖက် အတွင်းရေးမှူး(၂) ဦးအောင်ကြည် (အောင်ကြည်ညွန့်-တက္ကသိုလ်)တို့က လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အလှူငွေဖြစ်စေ၊ အလှူပစ္စည်းဖြစ်စေ လှူဒါန်းလိုပါက မြန်မာနိုင်ငံစာရေးဆရာအသင်း၊ အမှတ်(၁၇၃/၁၇၅)၊(၇)လွှာ၊ ပန်းဆိုးတန်းလမ်း (အလယ်)၊ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း ၀၁ -၂၅၂၄၁၇၊ ၀၉-၄၅၀၀၉၀၄၈၆ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)