ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့၏စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနားကျင်းပ

ရန်ကုန်  အောက်တိုဘာ  ၃၁

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက် နာရီခွဲအချိန်က မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်သည်။

ဦးစွာ နမောတဿ (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ သန်လျင်မြို့နယ်၊ မင်းကျောင်း ပထမပြန်စာသင်တိုက်ကြီး၏ဦးစီးပဓာနနာယကဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ မဟာထေရ် အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ဆက်လက်၍ ဆရာတော်သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ်တော်မူအပ်သော ပရိတ်တရားတော်များ နာယူကြည်ညိုပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ဇနီးဒေါ်မော်မော်သန်းတို့က ကထိန်ခံကျောင်းဖြစ်သော သာကေတမြို့နယ်၊ တိပိဋကာလင်္ကာရပရိယတ္တိစာသင်တိုက်၌ ပုရိမဝါမှ ထမြောက်တော်မူကြသော သံဃာတော်အရှင်သူမြတ်တို့အား ရည်မှန်း၍ ကျောင်းတိုက်ဦးစီးပဓာနနာယက၊ ရန်ကုန်တိုင်းဒေသကြီးသံဃနာ ယကအဖွဲ့ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဒွိပိဋကဓရ ဆရာတော် ဘဒ္ဒန္တအဂ္ဂသာမိ အရှင်သူမြတ်ထံ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက်ပဒေသာပင်များအား ကျောင်းတိုက်များသို့ မဲစနစ်ဖြင့် ဆက်ကပ်လှူဒါန်းခြင်း၊များ ပြုလုပ်သည်ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ပါဠိတက္ကသိုလ်ညောင်တုန်း ကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ၊ စေတိယင်္ဂဏပဝရသိရီမဟာဓမ္မဂုရု၊ ပထမကျော်၊ အဂ္ဂမဟာအကျော်၊ အဋ္ဌကထာ ပြန်အကျော်၊ သ.စ.အဓမ္မာစရိယ(ဝဋံသကာ)ပါဠိပါရဂူ လှရတနာဆရာတော် ဘဒ္ဒန္တနာရဒါဘိဝံသ အရှင်သူမြတ်ထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေပြီး ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု" (၃)ကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနား ရုပ်သိမ်းလိုက်ကြောင်းသိရသည်။

ကျော်ဆန်းမြင့်