စမ်းချောင်းမြို့နယ်အတွင်းရှိ  စက်သုံးဆီဆိုင်များ မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်

စမ်းချောင်း အောက်တိုဘာ ၃၁

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင် စမ်းချောင်းမြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များများ၊  မီးဘေးလုံခြုံရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေး၊ ဆောင်ရွက်ထားရှိမှုများအား ယနေ့နံနက် ၉ နာရီခွဲက တာ၀န်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် စမ်းချောင်းမြို့နယ် အတွင်းရှိ စက်သုံးဆီဆိုင်များဖြစ်သော၊ SPC၊ New Day  စက်သုံးဆီများ မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပွားစေရေး အတွက် မီးဘေးလုံခြုံရေးနှင့် မီး ဘေးကြိုတင်ကာကွယ်ရေး၊ ဆောင်ရွက်ထားရှိမှုအား မြို့နယ်မီးသတ်ဦးစီးမှူး ဦးသူရဆွေ ဦးဆောင်၍ သန္ဓေတပ်ဖွဲ့၀င်များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ၀န်ထမ်းများ၊ မြို့နယ် လျှပ်စစ်မှ၀န်ထမ်းများ ပူးပေါင်း၍ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖြူသွယ်ထွန်း(ပြန်/ဆက်)