ကျိုက်မရော မြို့နယ်၌ ကျေးလက်လမ်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

ကျိုက်မရော အောက်တိုဘာ ၃၁

မွန်ပြည်နယ် မော်လမြိုင်ခရိုင်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ရန်ပုံငွေများဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား မော်လမြိုင် လက်ထောက်ညွှန်ကြားရေးမှူး (မြို့မ)နှင့် တာဝန်ရှိသူများက အောက်တိုဘာ ၂၈ ရက်တွင် ကွင်းဆင်းစစ်ဆေးခဲ့သည်။

ကွင်းဆင်းဆောင်ရွက်ရာတွင် ကျိုက်မရောမြို့နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် (၂၀၂၅-၂၀၂၆ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်လျက်ရှိသော လမ်းတံတား လုပ်ငန်းများဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်နေမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး (ပြန်/ဆက်)