ဘီးလင်းမြို့နယ်တွင် ခရိုင်အဆင့် Clean and Green ကျောင်းများ ပြင်ဆင်ထားမှုများအား ကွင်းဆင်းစစ်ဆေး

ဘီးလင်း အောက်တိုဘာ ၃၁

မွန်ပြည်နယ် ဘီးလင်းမြို့နယ်၌ ခရိုင်အဆင့် Clean and Green ကျောင်းများ ပြင်ဆင်ထားမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခြင်းကို အောက်တိုဘာ ၂၈ ရက်နေ့ မွန်းလွဲပိုင်းမှစတင်ကာ အခြေခံပညာ ကျောင်း(၃)ကျောင်းသို့ တာဝန်ရှိသူများက သွားရောက်စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ Clean and Green ကျောင်းများသို့ သွားရောက်စစ်ဆေးခြင်းကို ခရိုင်အဆင့် ဆုရွေးချယ်ရေးကော်မတီအတွင်းရေးမှူး သထုံခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သီတာငြိမ်းနှင့် ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးဝင်းရှိန်နှင့် တာဝန်ရှိသူများက အ.မ.က (ကျောက်လုံးကြီး)ကျောင်း၊ အ.လ.က(ခွဲ)ဗိုလ်တေဇကျောင်း၊ အ.ထ.က (ကဇိုင်း)ကျောင်းများသို့ သွားရောက်၍  ကျောင်းသန့်ရှင်းသာယာလှပမှုများ၊ သစ်ပင်၊ ပန်းပင်စိုက်ပျိုးထားရှိမှုများ၊ သီးပင်၊ စားပင်များ၊ Clean and Green School ဖော်ဆောင်ရေး အသိပညာပေး ပိုစတာများ၊ သဘာဝပတ်ဝန်ကျင်အလှ ဆေးရောင်ခြယ်ပန်းချီများ၊ စွန့်ပစ်ပစ္စည်းများဖြင့် ပုံဖော်ထားသောလက်မှုပညာများ၊ နံရံဆေးရေးပန်းချီများ အစရှိသည့်အညွှန်းကိန်းပါ ၁၇ မျိုးအတွင်း ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှု့စစ်ဆေးခဲ့ပြီး တာဝန်ရှိသူများက အကဲဖြတ်အမှတ်ပေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)