အမှတ်(၁)တက္ကသိုလ်လေ့ကျင့်ရေးတပ် ၂၀၂၄-၂၀၂၅ တက္ကသိုလ်ပညာသင်နှစ်၊ တပ်ဖွဲ့ဝင်များ မိုးရာသီစခန်းချ လေ့ကျင့်ရေးသင်တန်း ဆင်းပွဲအခမ်းအနားကျင်းပ

ရန်ကုန် အောက်တိုဘာ ၃၁

ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ပြည်သူ့စစ်နှင့်နယ်ခြားတပ်များ ညွန်ကြားရေးမှူးရုံး ကွပ်ကဲမှု အောက် အမှတ်()တက္ကသိုလ်လေ့ကျင့်ရေးတပ် ၂၀၂၄-၂၀၂၅ တက္ကသိုလ်ပညာသင်နှစ်၊ တက္ကသိုလ်များ (ရန်ကုန်)ရှိ တပ်ဖွဲ့ဝင် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ တပ်မတော်အုပ်ချုပ်မှုကျောင်း(မှော်ဘီ)တွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ပြည့်စုံလင်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များနှင့် စစ်ဖက်/နယ်ဖက်မှ တာဝန်ရှိသူများတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဆရာ၊ ဆရာမ များနှင့် သင်တန်းသား ကျောင်းသား၊ကျောင်းသူများ တက်ရောက်ကြသည်။                                     

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက သင်တန်းဆင်း မိန့်ခွန်း ပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက စံပြသင်တန်းသား/သင်တန်းသူ ဆုရရှိ သည့် တပ်ဖွဲ့ဝင် ကျောင်းသား၊ ကျောင်းသူများအား လည်းကောင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ပြည့်စုံလင်းက အခြေခံစစ်ပညာနှင့် တန်းမြင့်စစ်ပညာ သင်တန်းများမှ သေနတ်ပစ် ထူးချွန်ရရှိသည့် တပ်ဖွဲ့ဝင် ကျောင်းသား၊ ကျောင်းသူများအား လည်းကောင်း ဆုများ အသီးသီး ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်က အခြေခံစစ်ပညာသင်တန်း(ဒုတိယနှစ်)နှင့် တန်းမြင့်စစ်ပညာသင်တန်း(ဒုတိယနှစ်) အောင်မြင်စွာ တက်ရောက်ခဲ့သည့် တပ်ဖွဲ့ဝင် ကျောင်းသား၊ ကျောင်းသူများ(ကိုယ်စား) တပ်ခွဲမှူး၊ ဗိုလ်အောင်စိုး ထံသို့ သင်တန်းဆင်း အောင်လက်မှတ်များကို ပေးအပ်သည်။

ယင်းနောက် အမှတ်(၁)တက္ကသိုလ်လေ့ကျင့်ရေးတပ်၊ တပ်ရင်းအကြံပေးအဖွဲ့ဝင် ဗိုလ်ကြီးကျော်ကျော်နိုင်က တပ်ရင်းအကြံပေးအဖွဲ့ဥက္ကဋ္ဌ ပါမောက္ခချုပ်ဒေါက်တာ တင်မောင်ထွန်းအား ၂၀၂၄ - ၂၀၂၅ တက္ကသိုလ်ပညာသင်နှစ်၊ မိုးရာ သီစခန်းချလေ့ကျင့်ရေးသင်တန်း အထိမ်းအမှတ် အမှတ်တရ လက်ဆောင်ပေးအပ်သည်။

၎င်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့က သင်တန်းသားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြပြီး အဆိုပါသင်တန်းကို သင်တန်းသား(၂၆၅)ဦးဖြင့် အောက်တိုဘာ ()ရက်နေ့မှ (၃၀)ရက်နေ့အထိ ()လတာ မိုးရာသီစခန်းချလေ့ကျင့်ရေး သင်ခန်းစာများအား စာတွေ့၊ လက်တွေ့ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)