ကျောက်တန်းမြို့နယ်၊ ဝဲကြီးကျေးရွာတွင် မိုးစပါးစံကွက်ရိတ်သိမ်းပွဲ ကျင်းပ

ကျောက်တန်း  အောက်တိုဘာ ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်တွင် မိုးစပါးစံကွက် ရိတ်သိမ်းပွဲကို ဝဲကြီးကျေးရွာအုပ်စုရှိ မိုးစပါးဧက (၂၀.၀၀) စံပြစိုက်ခင်း၌ ယနေ့နံနက်   ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးသန်း၊ ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ မြို့နယ်စိုက်ပျိုး​ရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊  စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ နှင့်တောင်သူများ၊ စုစုပေါင်းအင်အား(၃၈)ဦး၊ ဝဲကြီးကျေးရွာအုပ်စုရှိ မိုးစပါးဧက (၂၀.၀၀) စံပြကွက်၌ တောင်သူ ဦး​မြင့်ဦးပိုင်ဆိုင်သော ကွင်းအမှတ် (၆၄၄)၊ ဦးပိုင်အမှတ်(၄၃)၊ ဧရိယာ(၂၀.၀၀)ဧကတွင် ဘောင်စနစ်ဖြင့် ပျိုး​ထောင်စိုက်ပျိုးထားသော မှော်ဘီ-၃ စပါးမျိုးအား စံကွက်ရိတ်သိမ်းခဲ့ရာ နိုဆီဘူး အစိုအထွက်နှုန်း (  ၁၀၉.၃၇  ) တင်း ၊ အခြောက်အထွက်နှုန်း ( ၁၀၆.၀၉ ) တင်း  ထွက်ရှိကြောင်း သတင်းရရှိသည်၊၊

နေလင်းကျော် (ပြန်/ဆက်)