တံတားဦးမြို့နယ်တွင် ပြည်တွင်းပို့ကုန်သီးနှံများ ပိုးသတ်ဆေးဓာတ်ကြွင်း ကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲ ကျင်းပ

တံတားဦး အောက်တိုဘာ ၃၁

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ပြည်ပပို့ကုန်သီးနှံများ ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် (၉) နာရီက တံတားဦးမြို့ စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပကြောင်းသိရသည်။

အခမ်းအနားတွင် တံတားဦးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ချမ်းငြိမ်းက အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အဓိကအခြေပြုသည့် နိုင်ငံဖြစ်ပါကြောင်း၊ ဒါ့အပြင် ပြည်တွင်းစားသုံးမှုဖူလုံရေး၊ ပြည်ပပို့ကုန်တိုးမြှင့်ထုတ်လုပ်ရေးနှင့် သွင်းကုန်အစားထိုးစိုက်ပျိုးနိုင်ရေး ဆောင်ရွက်ရာတွင် တံတားဦးခရိုင်အတွင်းစိုက်ပျိုးထုတ်လုပ်သည့် သီးနှံတွေသည် အထွက်နှဒန်းကောင်းမွန်ရေး အတွက်လိုအပ်သလို ထွက်ရှိသည့် သီးနှံများတွင် စားသုံးသူများအတွက် ဘေးအန္တရာယ်ကင်းရှင်းရေးသည် အလွန်အရေးကြီးပါကြောင်း အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းထိန်က ပြည်တွင်းပို့ကုန်သီးနှံများ ပိုးသတ်ဆေးဓာတ်ကြွင်း ကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသည့် တောင်သူများနှင့် အမှတ်တရ စုပေါင်းဓါတ်ပုံရိုက်ကြသည်။

ထို့နောက် တံတားဦးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ချမ်းငြိမ်းနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန တိုင်းဿေကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများသည် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှအဓိကသီးနှံများ ပန်းတိုင်ရရှိရေးယူရီးယားဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများ တိုင်းဒေသကြီးအစိုးရအစီအစဉ်ဖြင့် ဈေးနှုန်းသက်သာစွာ ရောင်းချနေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ရဲတင့်( ပြန်/ဆက်)