တောင်ကြီး အောက်တိုဘာ ၃၀
ရှမ်းပြည်နယ် တောင်ကြီးမြို့ အဝေယာကုန်းသာယာ မီးပုံးပျံကွင်းကြီးအတွင်း၌ ကျင်းပလျက်ရှိသည့် ၂၀၂၅ ခုနှစ် တောင်ကြီးတန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲနေ့လွှတ်အရုပ်ပြိုင်ပွဲကို ယနေ့ နေ့လည်ပိုင်းတွင် ဆက်လက်လွှတ်တင် ယှဉ်ပြိုင်လျက်ရှိသည်။
ယနေ့ပြိုင်ပွဲတွင် တောင်ကြီးမြို့ပေါ်ရပ်ကွက်များမှ ပြိုင်ပွဲဝင်အသင်းများ၊ ကုမ္ပဏီအသင်းအဖွဲ့များမှ ပြိုင်ပွဲဝင်အသင်းများနှင့် တောင်ကြီးမြို့အနီးဝန်းကျင်မြို့၊ရွာများမှ ပြိုင်ပွဲဝင်အသင်းများက အတီးအမှုတ်အကအခုန်များဖြင့် ပျော်ရွှင်စွာပါဝင်ယှဥ်ပြိုင်လွှတ်တင်လျက်ရှိကြသည်။
အဆိုပါ နေ့လွှတ်အရုပ်ပြိုင်ပွဲတွင် ခြေနှစ်ချောင်းအမျိုးအစား၊ ခြေလေးချောင်းအမျိုးအစားနှင့် အုပ်စုအမျိုးအစားအစရှိသည်ဖြင့် ပါဝင်ယှဉ်ပြိုင်လွှတ်တင်လျက်ရှိကြပြီး မီးပုံးပျံဝါသနာရှင်များနှင့် ပွဲတော်လာဧည့်သည်များ စည်ကားသိုက်မြိုက်စွာ လာရောက်ကြည့်ရှုအားပေးကြကြောင်းနှင့် ယနေ့တွင် ပြိုင်ပွဲဝင်အသင်း (၅၀) ပါဝင်ယှဉ်ပြိုင်လွှတ်တင်ခဲ့ကြောင်း သိရသည်။
စိုင်းအယ်ဘဲ
 
     
     
     
     
     
    