နေပြည်တော် အောက်တိုဘာ ၃၀
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော ဥတ္တရခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲစာရင်းများမှားယွင်းမှုမရှိစေရေး၊ မဲပေးခွင့်ရှိသည့် နိုင်ငံသားအားလုံး မဲစာရင်းတွင်ပါရှိပြီး အချက်အလက်များပြည့်စုံ မှန်ကန်စေရေး၊ မပါသင့်သူများမပါစေရေး၊ မြို့နယ်(Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှု ကော်မတီအဖွဲ့နှင့်ပူးပေါင်း၍ ဥပဒေနှင့်အညီဆောင်ရွက်ရေး၊ မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူများ မဲပေးခွင့်မဆုံးရှုံးစေရေး၊ မြေပြင်အမှန်ရှိပြီး ပုံစံ(၆၆/၆)၊ မှတ်ပုံတင်မရှိသူများအိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်ရရှိရေး OSS စနစ်ဖြင့် အမြန်ဆောင်ရွက်ပေးရေး၊ လိုအပ်ပါကရပ်ကွက်၊ ကျေးရွာအုပ်စုအထိ စုစည်းပြီး ဆောင်ရွက်ပေးရေး၊ ရပ်ကွက်၊ ကျေးရွာအိမ်ထောင်စုတစ်ခုချင်းလိုက် အကြောင်းအမျိုးမျိုး ကြောင့် ပြောင်းလဲမှု (အတိုး /အလျော့)စာရင်းများ မှန်ကန်စွာစာရင်းဖြည့်သွင်းဆောင်ရွက်ရေးနှင့် ဒုတိယအကြိမ်မဲစာရင်းကပ်ထားကြေညာချိန်တွင် အမှားမရှိစေရေးဆောင်ရွက်သွားရန်၊ နိုင်ငံတော်၏လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးသီးနှံများ စီမံကိန်းလျာထားချက်ပြည့်မီအောင်ဆောင်ရွက်ရေး၊ ပေါ်ဆန်းစပါးမျိုးများစိုက်ပျိုးနိုင်ရေး၊ ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာများတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ဒေသ၏စိုက်ပျိုးဧကပေါ်မူတည်ပြီး သီးနှံအခြောက်ခံစက်များ လုံလောက်မှုရှိအောင်ဆောင်ရွက်နိုင်ရေး၊ သီးထပ်စွမ်းအားမြင့်မားစေရေး၊ ရာသီပြည့်သီးနှံများ စိုက်ပျိုးနိုင်ရေး၊ ရေရရှိရေးနည်းလမ်းမျိုးစုံ အသုံးပြုရေး၊ သဘာဝမြေဩဇာကို အဓိကထားသုံးစွဲရေး၊ ကော်ဖီသီးနှံများတိုးချဲ့စိုက်ပျိုးရေးနှင့် စိုက်ပျိုးပြီးအပင်များ ရှင်သန်ကြီးထွားအောင်ဆောင်ရွက်ရေး၊ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စနစ်တကျဆောင်ရွက်နိုင်ရေး၊ ကျောင်းသား/ကျောင်းသူ၊ လူငယ်လူရွယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကစားကွင်းများစနစ်တကျဆောင်ရွက်ထားရှိရေး၊ ရပ်ကွက်/ကျေးရွာနှင့် ကျောင်းစာကြည့်တိုက်များရှင်သန်ဖွံ့ဖြိုးရေး အမြဲမပြတ်ဆောင်ရွက်ရန်၊ စာသင်ကျောင်းများ၊ ဆေးရုံများနှင့်ဌာနဆိုင်ရာရုံးများ ဥပဓိရုပ်ကောင်းမွန်အောင် သန့်ရှင်းရေးလုပ်ငန်းများ အမြဲမပြတ်ဆောင်ရွက်ရေး၊ လမ်းဘေး ဝဲ/ယာ စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာလှပရေးလုပ်ငန်းများဆောင်ရွက်ရေး၊ သက်ဆိုင်ရာဌာနများအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အချိန်မီပြီးစီးရန်နှင့် သတ်မှတ်အရည်အသွေးပြည့်မီအောင် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း ပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသူများမှ သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီးဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီဝင်က လိုအပ်သည်များမှာကြားပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ဥတ္တရ)