နောင်ချိုမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အသားစစ်ဆေးခြင်း၊ တိရစ္ဆာန်ကူးစက်ရောဂါ စူးစမ်းထောက်လှမ်းခြင်းနှင့်ကာကွယ်ဆေးထိုးနှံခြင်း ကွင်းဆင်းဆောင်ရွက်

နောင်ချို အောက်တိုဘာ ၃၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ယမန်နေ့၊ နံနက် ၉ နာရီအချိန်က အများပြည်သူစားသုံးမှု ဘေးကင်းလုံခြုံစေရေး အသားစစ်ဆေးခြင်း၊ တိရစ္ဆာန်ကူးစက်ရောဂါ စူးစမ်းထောက်လှမ်းခြင်းနှင့် ကာကွယ်ဆေးထိုးနှံခြင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇော်လွင်နှင့်အဖွဲ့ဝင်များသည် (၂၉.၁၀.၂၀၂၅)ရက်နေ့ နံနက်(၀:၀၀)နာရီအချိန်တွင် နောင်ချိုမြို့နယ်၊ ကံကြီးကျေးရွာဈေးနှင့် တောင်ခမ်းကျေးရွာဈေးတို့ရှိ အမဲသားသတ်ခုံများ၊ ဝက်သားသတ်ခုံများသို့သွားရောက်ကာ အများပြည်သူစားသုံးမှု ဘေးကင်းလုံခြုံစေရေးအတွက် ရောင်းချလျက်ရှိသည့်အသားများကို မျက်မြင်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း၊ မွန်းလွဲ(၁၂:၀) နာရီအချိန်တွင် ကံကြီး၊ လက်ပံကုန်း၊ ရှောက်ခြုံ၊ နောင်တော၊ နောင်ဩကျေးရွာများသို့ သွားရောက်ကာ တိရစ္ဆာန်ကူးစက်ရောဂါ စူစမ်းထောက်လှမ်းခြင်းနှင့် ဒေသခံတောင်သူ(၅၁)ဦး၏ ကျွဲ၊ နွား (၃၄၄)ကောင် အား လည်ချောင်းကွဲရောဂါ(HS)ကာကွယ်ဆေးများထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်ဆက်