ဒက္ခိဏသီရိမြို့နယ်တွင် ကျွဲ၊ နွားနှင့် ဆိတ်များအား ခွာနာလျှာနာရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေး

နေပြည်တော် အောက်တိုဘာ ၃၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်း မွေးမြူရေးလုပ်ငန်းများ ပိုမိုဖြစ်ထွန်းအောင်မြင်စေရန်အတွက် ယနေ့နံနက် ပိုင်းတွင် မြို့နယ်အတွင်းရှိ ကျေးရွာများသို့သွားရောက်၍ တောင်သူများ၏ မွေးမြူထားသည့် ကျွဲ၊ နွားနှင့် ဆိတ်များအား ခွာနာလျှာနာရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ရပ်ကွက် ၂ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၈ အုပ်စုအတွင်းရှိ မွေးမြူထားသည့် ကျွဲ၊ နွား ၅၂၃၅ ကောင်နှင့် ဆိတ် ၃၀ ကောင်တို့အား အောက်တိုဘာ ၂၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ ခွာနာလျှာနာ ရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးခဲ့ခြင်း ဖြစ်ကြောင်း ဒက္ခိဏသီရိမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)