မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူများအား အသိပညာပေးခြင်းများ ကွင်းဆင်းဆောင်ရွက်

အမရပူရ အောက်တိုဘာ ၃၀

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဂျိုရွာကျေးရွာ၊ ဂျိုရွာ စိုက်/​ထွေသမဝါယမအသင်းဥက္ကဋ္ဌ ဦး​ဇော်မျိုးထွန်း၏ ကွင်းအမှတ် (၅၇၀/ခ) ​ပေါက်အင်းကွင်းရှိ မိုးစပါးစိုက်ပျိုးဧက (၁၁)ဧက ကို မိုးစပါးသီးနှံ ပန်းတိုင်အထွက်နှုန်းရရှိ​ရေးအတွက် စတင်ပျိုးထောင်ချိန်မှစပြီး ရိတ်သိမ်းပြီးချိန်အထိ အဆင့်ဆင့် လုပ်ကိုင်​ဆောင်ရွက်ထားသည့် ​မြေပြင်အ​ခြေအ​နေမှန်နှင့် ဆက်လက်လုပ်ကိုင်​ဆောင်ရွက်ရမည့်အချက်များကို အမရပူရမြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမောင်မောင်လေးနှင့် ဝန်ထမ်းများက ယနေ့နံနက် ၁၀ နာရီချိန်က ကွင်းဆင်းစစ်ဆေးခဲ့သည်။

အဆိုပါကွင်းဆင်းစစ်ဆေးရာတွင်ဦးစီးအရာရှိကပန်းတိုင်အထွက်နှုန်းရရှိရန်မျိုး​စေ့အ​လေအလွင့် နည်း​စေရန်နှင့် ပျိုးပင်ကြီး ထွားမှုအား​ကောင်း​စေရန် ဘောင်စနစ်ဖြင့်ပျိုး​ထောင်ခြင်း တစ်ဧကမျိုးသန့်စပါး တစ်တင်းနှုန်းဖြင့် မျိုး​စေ့များပူးကပ်ခြင်းမရှိ​အောင် မျိုး​စေ့ချခြင်း မျိုး​စေ့ တစ်​ဘောင်လျှင် (၂) ပြည်နှုန်း အသုံးပြု၍ ပျိုး​ဘောင် (၈)​ဘောင်​ပေါ်တွင် မျိုး​​ညှောင့်​ပေါက်မျိုး​စေ့များ ညီညီညာညာ မျိုး​စေ့ချထားခြင်း မျိုး​စေ့ချပြီး​ပျိုး​ဘောင်များကို ​မြေလုံ​အောင်ဖုံးအုပ်​ပေးခြင်းဖြင့် ကြွက်နှင့်ငှက် တိရိစ္ဆာန်များ ဖျက်ဆီးခြင်းမှ ကာကွယ်ခြင်း ​ဘောင်​ပေါ်ရှိ ပျိုးပင်သက် (၂၅)ရက်တွင် ပျိုးပင်နှုတ်ပြီး ချက်ချင်းစိုက်ပျိုးခြင်းကောက်ကွက် (၁)ကွက် ပျိုးပင် ၂ပင်/၃ပင် ဖြင့် တန်းခြား ၊ ပင်ခြား မှန်ကန်စွာ ဖြင့် တစ်ဧကလျှင် ​ကောက်ကွက် (၁၃၀၀၀၀) ပြည့်မီ​​အောင် စိုက်ပျိုးခြင်းနွား​ချေး သဘာဝ​မြေဩဇာ Tစူပါ၊ ပိုတက် နှင့် ယူရီးယား ဓါတ်​မြေဩဇာကို အချိန်ကိုက် အချိုးကျ ထည့်သွင်း​ကြဲပက် အသုံးပြုခြင်းအထွက်နှုန်းကို မထိခိုက်​စေရန် ​ပေါင်းမြက်များကို အချိန်မီ ရှင်းလင်းခြင်း မှတ်ပုံတင်ထား​သော ​ပေါင်းသတ်​ဆေးကို ​ဆေးညွှန်းအတိုင်း တိကျစွာ အသုံးပြုခြင်းစိုက်ခင်း၏ ​ဘေးပတ်ဝန်း ကျင်ရှိ ခြုံနွယ်များကို ရှင်းလင်းထားခြင်းဖြင့် ကြွက်နှင့် ပိုးမွှားရောဂါကာကွယ်နိုင်ခြင်းစပါးနှံများ ရင့်မှည့်စပြုချိန်တွင် ရင့်မှည့်မှုညီညာ​စေရန်၊​​အောက်ခံ​မြေမာ၍ ကောက်ရိတ်စက် လွယ်ကူစွာ ဝင်ထွက်နိုင်​ရေး အတွက် ​အောင်​ရေထုတ်ခြင်းအ​လေ၊အ​လေအလွင့်နည်းပါး​စေရန်စပါးနှံ၏ ၈၅% ရင့်မှည့်ချိန်(​မောင်းညိုချိန်တွင်) ​ခြွေ​လှေ့စက်များဖြင့် ရိတ်သိမ်းခြင်းရိတ်သိမ်းပြီး စပါးမျိုးများမှ မျိုးအတွက် (၁၃%) ၊ စားသုံးမည့် စပါးအတွက် အစိုဓါတ် (၁၄%) ထားရှိ​ဆောင်ရွက်သွားရမည် ဖြစ်​ကြောင်း ကွင်းတာဝန်ခံ​ခေါင်း​ဆောင်နှင့်ဝန်ထမ်းများ၊ သမဝါယမအသင်းဥက္ကဋ္ဌ နှင့် အသင်းသား​တောင်သူများအား အမရပူရမြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီအရာရှိမှ ရှင်းလင်း​ပြောကြားခဲ့ကြောင်းသိရသည်။

စိုးသီဟ(အမရ)