မြစ်သား အောက်တိုဘာ ၃၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ပိုမိုအဆင်ပြေစေရန်အတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု၊ တိုင်းဒေသကြီး၊ ငွေလုံးငွေရင်း၊ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေတို့ဖြင့် ဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော အမှတ်(၄) ခရိုင်ပတ်လမ်း (မြင်းခြံကုန်း-ခံတက္ကုန်း-နှမ်းခင်း-ရွှေစေတီလမ်း) ဖြစ်သည့် လမ်းအရှည် (၁/၂.၈၃)မိုင် ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုများအား မြစ်သားမြို့နယ် တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးကြည့်ရှု့ခဲ့ကြောင်း သိရသည်။
အဆိုပါလမ်းကို အဆင့်မြင့်တင် ဆောင်ရွက်ပေးခြင်းအားဖြင့် အကျိုးပြုကျေးရွာ(၈)ရွာ၊ အိမ်ခြေ(၁၅၃၇)အိမ်၊ လူဦးရေ(၆၈၁၇)ဦး၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာ ကိစ္စရပ်များနှင့် ကျေးလက်ထုတ်ကုန်များ အပြန်အလှန်ရောင်းဝယ်ဖောက်ကားရေးတို့ကို များစွာအကျိုးပြုမည် ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှသိရသည်။
မြို့နယ် (ပြန်/ဆက်)