မူဆယ် အောက်တိုဘာ ၃၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာ့အီလက်ထရောနစ်မဲပေးစက် (MEVM) Installation ပြုလုပ်ခြင်းသင်တန်းကို ယနေ့နံနက် (၀၉း၃၀)နာရီအချိန်က မူဆယ်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းသို့ ဆောင်ရွက်ရာတွင် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးအောင်ကျော်စိုးနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်လင်းတို့က အမှာစကားများ အသီးသီးပြောကြားခဲ့ပါသည်။ ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဇာနည်မြင့်ထွန်းက မြန်မာ့အီလက်ထရောနစ်မဲပေးစက် (MEVM) Installation ပြုလုပ်ခြင်းနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းခဲ့ပြီး တက်ရောက်လာသော မဲရုံမှူး၊ ဒု-မဲရုံမှူးနှင့် ရပ်ကွက်/ကျေးရွာအုပ်စု စာရေးဝန်ထမ်းများမှ မဲပေးစက်တပ်ဆင်ခြင်းနှင့် Installation ပြုလုပ်ခြင်းများကို လက်တွေ့ဆောင်ရွက်ပြီး စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
ချယ်ရီမြေ(မူဆယ်)