တိုက်ကြီး အောက်တိုဘာ ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၅.၂၀၂၆ ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကြုံတကင်းကျေးရွာဘက်စုံ သုံးခန်းမဆောင် တည်ဆောက်မည့်မြေနေရာ၊ ဝါးဘိုးစု သပြေတန်းကျေးရွာတွင်းလမ်းအား ဂဝံလမ်းခင်း ခြင်းဆောင်ရွက်မည့် မြေနေရာနှင့် စစ်ပင်ဝဲကျေးရွာ မီးသင်္ဂြုလ်စက်အဆောက်အဦ တည်ဆောက် မည့်မြေနေရာတို့အား ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးသည်။
ယင်းသို့ကွင်းဆင်းစစ်ဆေးရာတွင် တိုက်ကြီးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးလှမျိုးအောင်၊ မြို့နယ်ဦးစီးမှူး ဦးစိုးကျော်သူနှင့် တာဝန်ခံအင်ဂျင်နီယာတို့က ကြုံတကင်းကျေးရွာ၌ မြစိမ်းရောင်အတိုးရငွေ ၅၀ ရာခိုင်နှုန်း၊ ပြည်သူထည့်ဝင်ငွေများဖြင့် ဆောင်ရွက်မည့် ဘက်စုံသုံးခန်းမဆောင်တည်ဆောက်ခြင်းလုပ်ငန်း၊ ဝါးဘိုးစု သပြေတန်းကျေးရွာ၌ မြစိမ်းရောင်အတိုးရငွေ ၅၀ ရာခိုင်နှုန်း၊ ပြည်သူထည့်ဝင်ငွေများဖြင့် ကျေးရွာတွင်းမြေသားလမ်းအား ဂဝံ လမ်းခင်းခြင်းလုပ်ငန်းနှင့် စစ်ပင်ဝဲကျေးရွာ၌ မြစိမ်းရောင်အတိုးရငွေ ၅၀ ရာခိုင်နှုန်း၊ ပြည်သူထည့် ဝင်ငွေများဖြင့် မီးသင်္ဂြုလ်စက်တည်ဆောက်မည့် မြေနေရာတို့အား ကွင်းဆင်းတိုင်းတာစစ်ဆေးခဲ့ပြီး စစ်ဆေးတွေ့ရှိမှုအပေါ် ခရိုင်ဦးစီးမှူးက လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။
ဝတ်ရည်(ပြန်/ဆက်)