ကျေးသီးမြို့နယ်၌ မဲစာရင်းမှန်ကန်မှုရှိစေရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကျေးသီး  အောက်တိုဘာ ၃၀

ရှမ်းပြည်နယ်တောင်ပိုင်း  မိုင်းရှူးခရိုင် ကျေးသီးမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး၊ မဲစာရင်းမှန်ကန်မှုရှိစေရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ကျေးသီးမြို့ မြို့နယ်အခန်းမတွင် ကျင်းပခဲ့သည်။

ဦးစွာ မိုင်းရှူးခရိုင် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်လွင်နှင့်အဖွဲ့ဝင်များက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်အတွင်းမဲစာရင်းများမှန်ကန်မှုရှိစေရေးနှင့် ကွဲလွဲမှုမရှိစေရေးအတွက် မြေပြင်ကွင်းဆင်းဆောင်ရွက်ထားရှိမှု၊ မြို့နယ်(Working Group)နှင့် တိုက်ဆိုင်စစ်ဆေးမှု မြေပြင် ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည့် အခြေအနေများ၊ မြေပြင်အခြေအနေနှင့်တိုက်ဆိုင်စစ်ဆေးခြင်းများ၊ မဲဆန္ဒရှင်စာရင်းများကို ပြည်သူများအား ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး စဉ်ဆက်မပြတ်လှည့်လည်ဆော်ဩကြရန်၊ မဲစာရင်း လာရောက်ကြည့်ရှုသည့် ပြည်သူများက မဲစာရင်းတွင် မိမိအမည်မပါဝင်ပါက အမည်ထည့်သွင်းခြင်း၊ မပါဝင်သင့်သူများပါဝင်ပါက ကန့်ကွက်ခြင်း၊ အချက်အ လက်များမှားယွင်းပါက ပြင်ဆင်ခြင်းများ လျှောက်ထားရာတွင် ရွေးကောက်ပွဲဥပဒေနှင့်အညီ စနစ်တကျဆောင်ရွက်ကြရန်ပြောကြားခဲ့ပြီး စနစ်တကျသတ်မှတ်ပုံစံများဖြင့် ပြုစုတင်ပြဆောင်ရွက်နေမှု ဆွေးနွေးခြင်းရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းတာဝန်ကိစ္စရပ်များ၊ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေးနှင့် ၂၀၂၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် မှတ်ယူဆောင်ရွက်ကြရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)