မြစ်သားမြို့နယ်တွင် မိုးဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း‌ပြီး ဝါခူးဆွတ်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

မြစ်သား   အောက်တိုဘာ  ၃၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် သမဝါယမကဏ္ဍမှ၂၀၂-၂၀၂၆ ဘဏ္ဍာရေးနှစ်  မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်နှင့် မြို့နယ်သမဝါယမ အသင်းစုပိုင်‌ငွေဖြင့် ဆောင်ရွက်သည့် မိုးဝါစိုက်ပျိုးခြင်းဖြင့် အသေးစား၊ အလတ်စား ယက်ကန်း လုပ်ငန်းများတွင် ကုန်ကြမ်းရရှိစေရေးနှင့်အထွက်နှုန်းကောင်းမွန်ပြီး တစ်ဦးချင်းဝင်ငွေတိုးပွားစေရန်ရည်ရွယ်၍ တောင်တောကုန်းကျေးရွာရှိ တောင်တောကုန်းစိုက်ပျိုး‌ရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းမှ အသင်းသားတောင်သူ ဦးသန်းရွှေ၏ ကွင်းအမှတ်( ၅၄၉/က) ရှိ ဦးပိုင်အမှတ် (၂၃/)စိုက် ဧက()ဧကတွင်ဝါမျိုး TBL-195 ဝါစိုက်ခင်းအောင်မြင် ဖြစ်ထွန်းပြီးဝါခူး ဆွတ်နေမှုများကို မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့်တာဝန်ရှိသူများက အောက်တိုဘာ ၂၈ ရက်နေ့ နံနက်ပိုင်းအချိန်က ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့ကြည့်ရှုစစ်ဆေးရာတွင်  မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိက  မိုးဝါပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် အသင်းသား‌ တောင်သူ(၈၁)ဦး ၏မိုးဝါစိုက်ပျိုး ဧက(၆၆၀)ဧက အတွက် ကျပ်သန်း ၇၅.၅၀၀နှင့် ညီမျှသော တောင်သူစိတ်ကြိုက်မျိုး နှင့်သွင်းအားစုဓာတ်မြေဩဇာ၊ သဘာဝဓာတ် ဖျန်း‌မြေသြဇာများပံ့ပိုးပေးခဲ့ပြီး ထွက်ရှိလာသော ဝါများကို မြို့နယ်အတွင်းရှိ ဝါကြိတ်စက်များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးထားကြောင်းပြောကြားခဲ့သည်။ ဆက်လက်၍ အသင်းသား‌တောင်သူ ဦးသန်း‌ရွှေကမိုးဝါစိုက်ခင်းများအောင်မြင်ဖြစ်ထွန်း‌ ပြီးဝါခူးဆွတ်မှု အကြိမ်()ကြိမ်ခူးဆွတ်ခူးပြီး ဖြစ်၍ကျန်ရှိနေသောဝါများကို ဆက်လက်ခူးဆွတ်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

အဆိုပါကြည့်ရှုစစ်ဆေးရာသို့  မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစုမှတာဝန်ရှိသူများနှင့် ဒေသခံအသင်းသားတောင်သူများ ကြည့်ရှုခဲ့ကြောင်း သိရသည်။

ဝါဝါမြင့် (မြစ်သား)