မြင်းခြံ အောက်တိုဘာ ၃၀
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့ နေ့လယ် ၁ နာရီ အချိန်က အဆိုပါကျောင်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
လူငယ်စကားဝိုင်းဖွင့်ပွဲ အခမ်းအနားတွင် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ယာယီတာဝန်ခံကျောင်းအုပ်ဆရာကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့က လူငယ် စကားဝိုင်း ကျင်းပပြုလုပ်ရခြင်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ခရိုင်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးက ဦးဆောင်၍ လူငယ်စကားဝိုင်းကို ကျင်းပရာအမှတ် (၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက လူငယ်နှင့်ပြည်သူ့နီတိ၊ လူငယ်နှင့် အားကစား၊ လူငယ်နှင့် စာပေ၊ လူငယ်နှင့် မူးယစ်ဆေး၊ လူငယ်နှင့် Social Media စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ချစ်ဦးနွေ(မြင်းခြံ)