ကျောက်တန်း အောက်တိုဘာ ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်တွင် မိုးစပါးစံကွက် ရိတ်သိမ်းပွဲကို ကျုံကန်ကျေးရွာအုပ်စုရှိ မိုးစပါးဧက( ၁၀၀. ၀၀)စံပြစိုက် ခင်း၌ ယမန်နေ့မွန်းလွဲ ၁ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည် မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးရန်နိုင်ဝင်း၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးနီဝင်းအောင်၊ ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့၀င်၊ ဒုတိယဗိုလ်မှူးကြီးတင်ကိုကို၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့၀င်ဗိုလ်မှူးချမ်းမြေ့ဦး၊ တိုင်း/ခရိုင်မြေ၊ မျိုး၊ ပိုးတာဝန်ခံများ၊ ခရိုင်/မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ၊ စုစုပေါင်းအင်အား(၅၀)ကျုံကန် ကျေးရွာအုပ်စုရှိ မိုးစပါးဧက (၁၀.၀၀)စံပြကွက်၌ တောင်သူ ဦးဝင်းမြင့် ပိုင်ဆိုင်သော ကွင်းအမှတ် (၆၃၈B)၊ ဦးပိုင်အမှတ်(၃၄)၊ ဧရိယာ(၅.၀၀)ဧကတွင် ဘောင်စနစ်ဖြင့် ပျိုးထောင် စိုက်ပျိုးထားသော မှော်ဘီ-၃ စပါးမျိုးအား Y methad နည်းစံကွက်ရိတ်သိမ်းခဲ့ရာ အစိုအထွက်နှုန်း (၁၂၇.၅၀) တင်း၊ အခြောက်အထွက်နှုန်း (၁၂၄.၂၅ )တင်း ထွက်ရှိကြောင်း သိရသည်၊၊
နေလင်းကျော် (ပြန်/ဆက်)