ကျောက်ဆည်မြို့နယ် ဆုတောင်းပြည့်မဟာရွှေသိမ်တော်ဘုရားတွင်  ပဌာန်းသိမ်းအောင်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်လှူပွဲ ကျင်းပ

ကျောက်ဆည် အောက်တိုဘာ ၃၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ သင်တောင်းကြီးကျေးရွာ၊ အဓိဌာန်အောင် ဆုတောင်းပြည့်မဟာရွှေသိမ်တော်ဘုရား ရွှေသိမ်တော်ဓမ္မာရုံတွင် ယနေ့နံနက် (၈)နာရီ က(၃၈)ကြိမ်မြောက် အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ သိမ်းအောင်ပွဲနှင့်ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ခဲ့ပြီး တောင်လွှဲကျေးရွာ ကျောင်းကြီးကျောင်း တိုင်းဒေသကြီးဆရာတော် ဘဒ္ဒန္တစန္ဒကုမ္မာရ ဆရာတော်မှ ပဌာနဝန္ဒာနာ ဂါထာတော် ရွတ်ဖတ်ပူဇော်ခဲ့ပြီး ကျောက်ဆည်တပ်နယ်မှူး ဗိုလ်မှူးချုပ်တိုးမြင့်ကျော်၊ ကျောက်ဆည် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဟိန်းအောင်၊ ကျောက်ဆည်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထိုက်ထိုက်ဇော်နှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဧည့်ပရိသတ်များက မန္တလေးမြို့၊ အောင်မြေသာဇံရပ်ကွက်၊ မန္တလေးတိုင်းဒေသကြီး သံဃာ့နာယကအဖွဲ့  ဒုတိယဆရာတော် စက်ဝန်းမင်းကျောင်းတိုက်မှ ဘဒ္ဒန္တပညေသိက ဆရာတော် ထံမှ ငါးပါးသီလတရားနာယူကြည်ကြပြီး ပင့်သံဃာဆရာတော်ကြီးများမှ မေတ္တာသုတ်ပရိတ်တော်အား ရွတ်ဆိုပူဇော်ကြသည်။

ထို့နောက် တိုင်းဒေသကြီးဩဝါဒစရိယ ရွှေကူညီမိုးကုတ်တရားရိပ်သာကျောင်းမှ ဘဒ္ဒန္တဇနိတာဘိဝံသာ ထံမှ ရေစက်ချအနုမောဒနာတရား နာယူကြပြီး၊ မြို့နယ်သံဃာ့နယကအဖွဲ့ဝင် ဖျောက်ဆိပ်ပင်ကျေးရွာရွာဦးကျောင်း ဆရာတော် ဘဒ္ဒန္တနန္ဒသာမိနှင့် ညောင်ရွေကျေးရွာ၊ ရွှေဆပ်သွားကျောင်းဆရာတော် ဘဒ္ဒန္တခေမာစာ တို့က အနုမောဒနာတရားနှင့် ဒေဝနိဝတ္တန ဂါထာတော်များ ရွတ်ဆိုပူးဇော်ခဲ့ပြီး အခမ်းအနား အား ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အခမ်းအနားအပြီးတွင် ကျောက်ဆည်တပ်နယ်မှူး ဗိုလ်မှူးချုပ်တိုးမြင့်ကျော်၊ အဓိဌာန်အောင် ဆုတောင်းပြည့်မဟာရွှေသိမ်တော်ဂေါပကဥက္ကဌ ဦးကျော်ဆွေနှင့် ဂေါပကအဖွဲ့ဝင်များ၊ စေတနာရှင် ပြည်သူများက မန္တလေးတိုင်းဒေသကြီးသံဃာ့နာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဆရာတော် အမှူးပြုသော ပင့်သံဃာ(၆၆)ပါး၊ အာဂန္တု(၁၀)ပါး၊ သီလရှင်(၁၄)ပါး၊ သီလရှင်(၃၉)ပါး တို့အား ဆွမ်းဆန်းစိမ်းများနှင့် လှူဖွယ် ပစ္စည်းများ လောင်းလှူခဲ့ကြောင်း သိရသည်။

သက်မောင်၊(ကျောက်ဆည်)