မိုင်းယောင်းမြို့နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်း

မိုင်းယောင်း အောက်တိုဘာ ၃၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းခရိုင် မိုင်းယောင်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးသက်ဆွေနှင့်အဖွဲ့ဝင်များသည် ယမန့်နေ့က  နံနက် ၇ နာရီက မိုင်းဟန်ကျောင်းဆရာတော်အား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းသည်။

ယင်းနောက် နံနက် ၉ နာရီ ၄၅ မိနစ်တွင် အမှတ်(၂)ရပ်ကွက် ကြောင်ကျိုက်ဘုန်းတော်ကြီးကျောင်း ပဓာနနာယကဆရာတော် ဘဒ္ဒန္တဌိတိပညော၏ အန္တိမအဂ္ဂိဈာပနဖြစ်မြောက်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပသည်။ ဆက်လက်၍ ဗလမင်းထင်ခန်းမ၌ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပကြောင်း သိရသည်။

 စိုင်းအောင်ဇော်လင်း