ပြည်ကြီးတံခွန် အောက်တိုဘာ ၂၉
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်ရှိ မျိုးသိန်းဓမ္မာရုံနှင့်(စ) ရပ်ကွက်ရှိအတုလဂုဏ်ရည်ဓမ္မာရုံတို့တွင် အောက်တိုဘာ ၂၉ ရက်နေ့ယနေ့ နံနက်၁၀နာရီ အချိန်ကမြို့နယ် လဝကဦးစီးမှူးဦးအောင်သွင် ဦးဆောင်သည့်အဖွဲ့မှ ပန်းခင်း(၃)စီမံချက်ဖြင့် အသက်(၁၈)နှစ် ပြည့်နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းနှင့် ပျောက်ဆုံး/ပျက်စီး မိတ္တူထုတ်ပေးခြင်းအခမဲ့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ အခမ်းအနားသို့လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူးဦးစိုးလွင်၊ မဟာအောင်မြေခရိုင်ဦးစီးမှူး ဦးဟိန်းကျော်အောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌဦးဝင်းမင်းထွန်းနှင့်အဖွဲ့ဝင်များဖြစ်ကြသော ဗိုလ်မှူးဝင်းအောင်မျိုး၊ ရဲမှူးဇေယျာသန်း၊ ဦးသောင်းနိုင်တို့ကလှည့်လည်ကြည့်ရှု စစ်ဆေး အားပေးခဲ့ကြောင်းသိရသည်။
ဇင်မင်းမောင်