ညောင်ဦးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

ညောင်ဦး အောက်တိုဘာ ၂၉

လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့် ပြည့်စုံစေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ညောင်ဦးမြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ ပန်းမျိုးတစ်ရာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ညောင်ဦးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကျော့ကျော့ခိုင်က အဖွင့်အမှာစကားပြောကြားပြီး၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ရည်မွန်သူက လူငယ်စကားဝိုင်းများကျင်းပခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုး တက်စေပြီး၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်ကြောင်း လူငယ်စကားဝိုင်းကျင်းပရ ခြင်းရည်ရွယ်ချက်များအား ပြောကြားသည်။ ထို့နောက်ဦးဆောင်ဆွေးနွေးမည့် ညောင်ဦးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သူဇာစိုး ဦးဆောင်၍ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ မရွှန်းနဒီကျော် Grade 11 (a)က လူငယ်နှင့်ယဉ်ကျေးမှု ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်အောင်တေဇဝင်း Grade 11 (a)က လူငယ်နှင့်မူးယစ်ဆေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မစုမွန်မြတ် Grade 10(a)က လူငယ်နှင့်တာဝန်ယူစိတ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ကောင်းဆုသာ Grade 10(a)က လူငယ်နှင့်စည်းကမ်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်အာကာမင်းမြတ်Grade 11(c)က လူငယ်နှင့်အင်တာနက် ခေါင်းစဉ်ဖြင့်လည်းကောင်း ကျောင်းသားကျောင်းသူငါးဦးက အသီးသီးဆွေးနွေးကြရာ တက်ရောက်လာသည့် ကျောင်းသားကျောင်းသူများက ဆွေးနွေးသည့် ခေါင်းစဉ်များအလိုက် မေးခွန်းများပြန်လည်မေးမြန်းကြရာ ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြောင်း သိရသည်။ ထို့နောက် လူငယ်စကားဝိုင်း ဆွေးနွေးပွဲတွင် ဆွေးနွေးခဲ့သည့် ကျောင်းသားကျောင်းသူများနှင့် မေးခွန်းမေးမြန်းခဲ့ကြသည့် ကျောင်းသား ကျောင်းသူများအား ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ရည်မွန်သူ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကျော့ ကျော့ခိုင်တို့က အမှတ်တရဗလာစာအုပ်များ လက်ဆောင်ပေးအပ်ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ဒီပါလင်း