ကိုကိုးကျွန်း အောက်တိုဘာ ၂၉
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် ကိုကိုးကျွန်းမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများမှ မြို့နယ်သန့်ရှင်းသာယာလှပစေရန်နှင့် မိုးရာသီကာလတွင် ရေစီးရေလာကောင်းမွန်စေရန် ယနေ့နံနက် (၈)တွင် ကိုကိုးကျွန်းမြို့နယ် စည်ပင်သာယာအမှုဆောင်အရာရှိ ဦးပြည့်ဖြိုးမောင်နှင့် စည်ပင် ဝန်ထမ်းများ၊ နယ်မြေခံတပ်မှတပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်း၍ အမှတ်(၁)ရပ်ကွက်အတွင်းရှိ မြို့ဝင်လမ်းဘေးနှင့် မြို့တွင်းမိန်းလမ်းဘေးရှိ ရေနုတ်မြောင်းအား ချုံနွယ်များရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး၊ ရေနုတ်မြောင်းအတွင်းရှိ အမှိုက်များဆယ်ယူခြင်းများပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကိုကိုးကျွန်းမြို့နယ်သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးကို မြို့နယ်စည်ပင် သာယာရေးဌာနမှ ဦးဆောင်၍ အပတ်စဉ်ပုံမှန် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ထွန်းထွန်းဇော်(ပြန် ဆက်)