မြစ်သားမြို့နယ်တွင် မိုးဝါစိုက်ခင်းများ အောင်မြင်ဖြစ် ထွန်း‌ပြီးဝါခူးဆွတ်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

မြစ်သား   အောက်တိုဘာ  ၂၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် သမဝါယမကဏ္ဍမှ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်နှင့် မြို့နယ်သမဝါယမ အသင်းစုပိုင်‌ငွေဖြင့်ဆောင်ရွက်သည့် မိုးဝါစိုက်ပျိုးခြင်းဖြင့် အသေးစား၊ အလတ်စား ယက်ကန်းလုပ်ငန်းများတွင် ကုန်ကြမ်းရရှိစေရေးနှင့် အထွက်နှုန်းကောင်းမွန်ပြီး တစ်ဦးချင်းဝင် ငွေတိုးပွား စေရန်ရည်ရွယ်၍ တောင်တောကုန်းကျေးရွာရှိ တောင်တောကုန်းစိုက်ပျိုး‌ရေးနှင့် အထွေထွေလုပ်ငန်းသမဝါ ယမအသင်းမှ အသင်းသားတောင်သူ ဦးသန်းရွှေ၏ကွင်းအမှတ်( ၅၄၉/က) ရှိ ဦးပိုင်အမှတ် (၂၃/၂)စိုက် ဧက(၃)ဧကတွင်ဝါမျိုး TBL-195 ဝါစိုက်ခင်းအောင်မြင် ဖြစ်ထွန်းပြီးဝါခူးဆွတ်နေမှုများကို မြို့နယ်သမဝါယမ ဦးစီးဌာနမှ ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းအချိန်က ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့ကြည့်ရှုစစ်ဆေးရာတွင်  မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိက  မိုးဝါပန်းတိုင် အထွက်နှုန်းရရှိရေးအတွက်  အသင်းသား‌တောင်သူ (၈၁)ဦး၏ မိုးဝါစိုက်ပျိုး ဧက(၆၆၀)ဧက အတွက် ကျပ်သန်း ၇၅.၅၀၀နှင့်ညီမျှသော တောင်သူစိတ်ကြိုက်မျိုးနှင့်သွင်းအားစု၊ ဓာတ်မြေဩဇာ၊ သဘာဝဓာတ်ဖြန်း‌မြေသြဇာများပံ့ပိုးပေးခဲ့ပြီး ထွက်ရှိလာသောဝါများကို မြို့နယ်အတွင်းရှိဝါကြိတ်စက်များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးထား ကြောင်းပြောကြားခဲ့သည်။ ဆက်လက်၍ အသင်းသား‌တောင်သူ ဦးသန်း‌ရွှေက မိုးဝါစိုက်ခင်းများအောင်မြင်ဖြစ်ထွန်း‌ပြီး ဝါခူးဆွတ်မှု အကြိမ်(၆)ကြိမ်ခူးဆွတ်ပြီးဖြစ်၍ ကျန်ရှိနေသောဝါများကို ဆက်လက်ခူးဆွတ် သွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

အဆိုပါကြည့်ရှုစစ်ဆေးရာသို့ မြို့နယ်သမဝါယမဦးစီး ဌာနမှဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစုမှ တာဝန်ရှိသူများနှင့် ဒေသခံအသင်းသားတောင်သူများ ကြည့်ရှု ခဲ့ကြောင်း သိရသည်။

ဝါဝါမြင့် (မြစ်သား)