မိတ္ထီလာမြို့နယ်၌ မိုးဝါများခူးဆွတ်မှု ကွင်းဆင်းအားပေးကြည့်ရှု

မိတ္ထီလာ အောက်တိုဘာ ၂၉

မိတ္ထီလာမြို့နယ် လှည်းပွဲကျေးရွာ ရွှေဝါမြေစိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်း မှအသင်း သား တောင်သူ ဦးချစ်မြိုင်၏ မိုးဝါ(၂)ဧက စိုက်ခင်းတွင် မိုးဝါဆွတ်ခူးနေမှုအား ယနေ့အောက်တိုဘာလ ၂၈ ရက်နေ့က မန္တလေးတိုင်းဒေကြီးသမဝါယမဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူးဦးလှိုင်မိုးနှင့်တာဝန်ရှိသူများ ကွင်းဆင်း အားပေးကြည့်ရှု  ခဲ့ကြောင်းသိရသည်။

ထိုသို့အားပေးကြည့်ရှုရာတွင် လက်ထောက်ညွှန်ကြားရေးမှူးဦးလှိုင်မိုးဦးဆောင်၍ မြို့နယ်သမဝါယမ ဦးစီးအရာရှိ၊ ဦးစီးမှူးများ၊ အသင်းစုတာဝန်ရှိသူများနှင့် ရွှေဝါမြေစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမ အသင်းဥက္ကဋ္ဌတို့ပါဝင်သောအဖွဲ့က အသင်းသားတောင်သူဦးချစ်မြိုင်၏ မိုးဝါ(၂)ဧကအတွင်း မိုးဝါများ ဆွတ်ခူးနေမှုကို အားပေး ကြည့်ရှုသည်။

အဆိုပါအသင်းသားတောင်သူ၏ (၂)ဧက မိုးဝါစိုက်ခင်းမှ   နှစ်ကြိမ်ခူး ဆွတ်ပြီးစီးချိန်တွင် တစ်ဧက ၁၄၂ ပိဿာ ရရှိပြီးဖြစ်ကာ ကျန်ရှိဝါများခူးဆွတ်ပြီးပါက ပန်းတိုင်အထွက်နှုန်း ၇ဝဝပိဿာကျော်ရရှိမည်ဖြစ်သည်။ မြို့နယ်အတွင်း သမဝါယမဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မိုးဝါစိုက်ပျိုးသည့် ရွှေဝါမြေစိုက်ပျိုးထုတ်လုပ်ရေးသမဝါယမ အသင်းမှ အသင်းသားတောင်သူ ၁၂ဦး၏ မိုးဝါ စိုက်ဧက(၄၁) ဧက ၌   Raka-666 နှင့် TBL-195 ဝါမျိုးများစိုက်ပျိုး ထားရှိသည်။ အဆိုပါအသင်းသားတောင်သူများ စိုက်ပျိုး ထွက်ရှိသည့် မိုးဝါများအား ဈေးကောင်းရရှိရေးနှင့် ဈေးနှိမ် ခံ ရခြင်းမရှိစေရေးအတွက် မြို့နယ်အတွင်း ဝါဝယ် ယူသော   ဝါကြိတ်စက်များနှင့်   ချိတ်ဆက်ညှိနှိုင်းပေးခြင်း ကို လက်ထောက်ညွှန်ကြားရေးမှူး နှင့်တာဝန် ရှိသူများက ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။ 

 ချမ်းသာ