သာကေတ အောက်တိုဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်ခရိုင် သာကေတမြို့နယ်၌ ကျန်းမာရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီတို့ပူးပေါင်းဆောင်ရွက်သည့် ကျန်းမာရေးစောင့်ရှောက်မှုကွင်းဆင်းဆေးစစ်ဆေးကုသပေးခြင်းကို အောက်တိုဘာ၂၇ရက် နံနက်ပိုင်းက သာကေတမြို့နယ်ရှိရန်ကုန်တိုင်းဒေသကြီး လူငယ်စင်တာတွင် ပြုလုပ်သည်။
သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာနွယ်နွယ်ဦးလှိုင်ဦးဆောင်သည့် အထူးကုဆရာဝန်(၇၃)ဦး၊ သာကေတမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြု(၂၅)ဦးတို့က သာကေတမြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွား(၅၀ဝ)ကျော်အား ဆေးစစ်ဆေးကုသမှုများ ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဒုတိယဥက္ကဋ္ဌ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ ဗိုလ်တထောင်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်လွင်၊ တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူး ဒေါက်တာရန်နောင်စိုး၊ သာကေတမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များမှ လိုအပ်သည်များကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အိရွှေစင်လတ်(သာကေတ)