နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့ဝင်ဆိုင်းဘုတ်သစ်တည်ဆောက်ရေးမြေနေရာကြည့်ရှု၊ မဟာသီဟနာဒကျောင်းတိုက် လှူဖွယ်ပစ္စည်းဆက်ကပ်လှူဒါန်း

တပ်ကုန်း အောက်တိုဘာ ၂၈

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် တပ်ကုန်းမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူနှင့်အဖွဲ့ဝင်များသည် အောက်တိုဘာ ၂၈ရက် နံနက်ပိုင်းက တပ်ကုန်းမြို့ဝင် ဆိုင်းဘုတ်အသစ် တည်ဆောက်ရေး မြေနေရာကြည့်ရှုခဲ့ရာ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ငြိမ်းချမ်းက ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့ပြီးနောက် နေပြည်တော်ကောင်စီဝင်က မြို့အင်္ဂါရပ်နှင့်အညီဆောင်ရွက်ရေး ဆွေးနွေးမှာကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဝင်နှင့်တာဝန်ရှိသူများသည် ဆရာစံရပ်ကွက်၊ မဟာသီဟနာဒပရိယတ္တိစာသင်တိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တအာစိဏ္ဏ သက်တော်ရှည်ဆရာတော်ကြီးအား ဖူးမြော်ကြည်ညိုကာ ဆန်၊ ဆီ၊ ဆေး၊ လှူဖွယ်ပစ္စည်းနှင့်ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ပြီး လှူဒါန်းမှုအစုစုတို့အား ရေစက်သွန်းချအမျှပေးခဲ့ပြီးနောက် MSME ချေးငွေလုပ်ငန်းဖြင့် ဆောင်ရွက်ထားသည့် စိန်စီ ဆီစက်နှင့်မြေပဲခွဲစက်ရုံတွင် ဆီထုတ်လုပ်မှုနှင့်မြေပဲကြိတ်ခွဲရေးလုပ်ငန်အား ကြည့်ရှုအားပေးသည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင်နှင့်တာဝန်ရှိသူများသည် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများနှင့်တွေ့ဆုံ၍ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲစာရင်းများ မှားယွင်းမှုမရှိစေရေး၊ မဲပေးခွင့်ရှိသည့် နိုင်ငံသားအားလုံး မဲစာရင်းတွင်ပါရှိပြီး အချက်အလက်များပြည့်စုံ မှန်ကန်စေရေး၊ မပါသင့်သူများ မပါစေရေး၊  မြို့နယ်(Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီအဖွဲ့နှင့်ပူးပေါင်း၍ ဥပဒေနှင့်အညီဆောင်ရွက်ရေး၊ မဲပေးပိုင်ခွင့်ရှိသူမဲဆန္ဒရှင်ပြည်သူများ မဲပေးခွင့်မဆုံးရှုံးစေရေး၊ မြေပြင်အမှန်ရှိပြီး ပုံစံ(၆၆/၆)၊ မှတ်ပုံတင်မရှိသူများ အိမ်ထောင်စုစာရင်းနှင့်မှတ်ပုံတင်ရရှိရေး OSS စနစ်ဖြင့် အမြန်ဆောင်ရွက်ပေးရေး၊ လိုအပ်ပါကရပ်ကွက်၊ ကျေးရွာအုပ်စုအထိစုစည်းပြီး ဆောင်ရွက်ပေးရေး၊ ရပ်ကွက်၊ ကျေးရွာအိမ်ထောင်စုတစ်ခုချင်းလိုက် အကြောင်းအမျိုးမျိုးကြောင့်ပြောင်းလဲမှု (အတိုး/အလျော့)စာရင်းများမှန်ကန်စွာစာရင်းဖြည့်သွင်းဆောင်ရွက်ရေးနှင့် ဒုတိယအကြိမ်မဲစာရင်းကပ်ထားကြေညာချိန်တွင် အမှားမရှိစေရေး၊ နိုင်ငံတော်၏လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးကဏ္ဍစဉ်ဆက်မပြတ်ဆောင်ရွက်ရေး၊ MSME လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ မိုးစပါးများနှင့် ဆောင်းသီးနှံများ အချိန်မီရိတ်သိမ်းစိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနတို့မှဝိုင်းဝန်းဆောင်ရွက်ရေး၊ သီးနှံစိုက်တောင်သူများဈေးကွက်မှန်ကန်စွာရရှိရေးအတွက် ကုန်စည်ဒိုင်ဖွံ့ဖြိုးစေရေး ရှင်းလင်းမှာကြားခဲ့ပြီးနောက် တက်ရောက်လာသူများ၏တင်ပြချက်များကို နေပြည်တော်ကောင်စီဝင်က သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တင်စိုးလွင်