ကျောက်ဆည်မြို့တွင်  အခွန်ပညာပေးဆွေးနွေးပွဲ ကျင်းပ

ကျောက်ဆည် အောက်တိုဘာ ၂၇

နိုင်ငံတော်အတွက် ရသင့်ရထိုက်သော အခွန်များအပြည့်အဝကောက်ခံရရှိရေး၊ အခွန်ထမ်းပြည်သူများမှ အခွန်ကို လိုလားကြည်ဖြူစွာ ထမ်းဆောင်လာစေရေးအတွက် တည်ဆဲအခွန်ဆိုင်ရာဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ ရှင်းလင်းလွယ်ကူစွာသိရှိနိုင်ရေး အခွန်ပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ကျောက်ဆည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်  ကျင်းပသည်။

ဦးစွာ ကျောက်ဆည်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးထိုက်ထိုက်ဇော်က အမှာစကားပြောကြားခဲ့ပြီး မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးသင်းက ပြည်တွင်းအခွန်ဦးစီးဌာနမှ စည်းကြပ်ကောက်ခံလျှက်ရှိသည့် အခွန်များနှင့် စပ်လျဉ်း၍ တည်ဆဲအခွန်ဆိုင်ရာဥပဒေများ၊  လုပ်ထုံးလုပ်နည်းများ၊  ကုန်သွယ်လုပ်ငန်းခွန်ဥပဒေအရ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရမည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍  ပြေစာအပေါ်အခွန်အမှတ်တံဆိပ် ကပ်နိုပ်ခြင်းဆိုင်ရာများ ရှင်းလင်းပြောကြားခဲ့ရာ တက်ရောက်လာသည့် အခွန်ထမ်းပြည်သူများမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပြီး အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းဆိုင်ရာအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

သက်မောင်၊ ကျောက်ဆည်