လွိုင်လင် အောက်တိုဘာ ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့ အမှတ် (၅) အခြေခံပညာမူလတန်းလွန်ကျောင်းသို့ ယနေ့မွန်းလွဲ ၂ နာရီအချိန်က စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နန်းအေးအေးသိန်းက စာပေအမျိုးအစားများ၊ စာဖတ်ခြင်း၏အကျိုးကျေးဇူးများ၊ ကထိန်ကာလဖြစ်သည့်အတွက် ကထိန်ခင်းခြင်း၏အကျိုးကျေးဇူးများကို အသိပညာပေးဟောပြော ခဲ့သည်။
ထို့နောက် ကျောင်းသား၊ကျောင်းသူများအား စာဖတ်ရှုသည့်အလေ့အကျင့်ကောင်းများရရှိစေရန် စာဖတ်စွမ်းရည်တိုးတက်စေရန်၊ အများရှေ့တွင်ပြောရဲဆိုရဲသည့် သတ္တိရှိလာစေရန်အတွက် စာဖတ် စွမ်းရည်ပြိုင်ပွဲ ဆောင်ရွက်ပေးခဲ့ကာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသော ကျောင်းသား၊ကျောင်းသူများကို အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော နံရံကပ်စာစောင်များကို ကျောင်းသား၊ကျောင်းသူများက စိတ်ပါဝင်စားစွာလေ့လာ ကြည့်ရှုခဲ့ကြောင်းသိရသည်။
နန်းအေးအေးသိန်း