မြစ်သားမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မဲစာရင်းပြည့်စုံမှန်ကန်စေရန် ပေါင်းစပ်ညှိနိူင်းအစည်းအဝေး ကျင်းပ

မြစ်သား အောက်တိုဘာ ၂၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ လမ်းညွှန်ချက်များအရ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းပြည့်စုံမှန်ကန်စေရန် ပေါင်းစပ်ညှိနိူင်းအစည်းအ‌ဝေးကို ယမန်နေ့နေ့မွန်းလွဲ(၁)နာရီ  အချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအ‌ဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး မြစ်သားမြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းမောင်က ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအနေဖြင့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ မိမိတို့ကော်မရှင်အဖွဲ့ဝင်များသည် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် တာဝန်ထမ်း‌ဆောင်လျက်ရှိကြောင်း၊ ဥပဒေနှင့်အညီ မျှမျှတတမဲဆွယ်စည်းရုံးကြရန်၊ ပါတီအချင်းချင်း တိုက်ခိုက်မဲဆွယ်ခြင်း၊ အချို့နိုင်ငံ‌ရေးပါတီများက မိမိတို့ပါတီအနိုင်ရ‌ရေး ပြည်သူလူထုကို နည်းလမ်းမမှန်‌သော စည်းရုံး‌ရေးနည်းများဖြင့် မဲဆွယ်စည်းရုံးခြင်းကို ရှောင်ရှားကြရန် တို့ကိုရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသော နိုင်ငံရေးပါတီများမှ တစ်ဦးချင်းအပြန်အလှန်မိတ်ဆက်ခဲ့‌ပြီး ပြည်ထောင်စု ကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစန်းမြင့်က  နိုင်ငံသားတိုင်းမဲပေးနိုင်ရေးအတွက် မဲစာရင်းပြည့်စုံမှန်ကန်မှုကို ကော်မရှင်အဖွဲ့နှင့်ဌာနဆိုင်ရာဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့ပါတီအပါအဝင် အခြားနိုင် ငံ‌ရေးပါတီအသီးသီးမှလည်း မဲစာရင်းပြည့်စုံမှန်ကန် စေရန်တာဝန်ရှိသူများနှင့်ပေါင်း စပ်ညှိနှိုင်းကူညီ‌ဆောင် ရွက်‌ပေးရန်နှင့် နည်းဥပဒေများအရ လိုအပ်သည်များ ဆောင်ရွက်နိုင်‌ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

‌ပေါင်းစပ်ညှိနိူင်းအစည်းအဝေးသို့ မြို့နယ်နယ်စီမံခန့်ခွဲ ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဒေါ်ယဥ်မွန်ဖြိုး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများမှပါတီဥက္ကဋ္ဌများနှင့် ပါတီအသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်‌လောင်းများ တက်ရောက်ခဲ့ကြောင်းသိရသည်။

ဝါဝါမြင့် (မြစ်သား)