ရေတာရှည်မြို့နယ်၌ အခွန်ဆိုင်ရာအသိပညာပေးဆွေးနွေး

ရေတာရှည် အောက်တိုဘာ ၂၇

 ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ပြည်တွင်းအခွန်ဦးစီးဌာနမှ ကျင်းပပြုလုပ်သော အခွန်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီကမြို့ တော်ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဥက္ကာသန်းက အဖွင့်အမှာ စကားပြောကြားခဲ့ပြီး မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးကျော်မင်းအောင်က ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ကောက်ခံလျက်ရှိသော အခွန်ကဏ္ဍတစ်ရပ်ချင်းအလိုက်သိကောင်းစရာများ၊ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အခွန်ဆိုင်ရာသိမှတ်ဖွယ်ရာများအခွန်(၅)မျိုးအကြောင်း အရာ၊ ကုန်သွယ်ခွန်နှင့် ဝင်ငွေခွန်များအ ကြောင်းအရာများ၊ အထူးကုန်စည်နှင့် ပြေစာအမှတ်တံဆိပ် အကြောင်းအရာများအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)