မြစ်သား အောင်တိုဘာ ၂၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို အောက်တိုဘာလ (၂၁) ရက်နေ့ကစတင်ပြီး မြစ်သားမြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးတွင် ကြေညာထားကြောင်းသိရသည်။
မြစ်သားမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲရုံးအနေဖြင့် စက်တင်ဘာလ (၂၃) ရက်နေ့မှ အောက်တိုဘာလ (၄) ရက်နေ့အထိ သက်ဆိုင်ရာလွှတ်တော်ရွေးကောက် ပွဲဥပဒေနည်းဥပဒေများနှင့်အညီ စိစစ်ခြင်းကို ဆောင်ရွက်ခဲ့ကြပြီးဖြစ်၍ စိစစ်လက်ခံအတည်ပြုထားသော သက်ဆိုင်ရာလွှတ်တော်မဲဆန္ဒနယ်အလိုက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကြေညာများကို မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးနှင့် ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာပြီးဖြစ်ကြောင်း သိရသည်။
ဝါဝါမြင့် (မြစ်သား)