တာချီလိတ်မြို့၌ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မူကော်မတီ လုပ်ငန်းညှိနိူင်းအစည်းအဝေးပြုလုပ်

တာချီလိတ် အောက်တိုဘာ ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနအစည်းအဝေးခန်းမ၌ မြို့နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မူကော်မတီ၏ လုပ်ငန်းညှိနိူင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကောမတီဥက္ကဋ္ဌ ဦးကျော်စွာမျိုးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး လူဝင်မူကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦသက်ဆွေဦးနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိ ဦးမြတ်ကိုကိုဇော်တို့မှ အသက်(၁၈)နှစ်အထက် မြေပြင်အတည်ပြုလူဦးရေစာရင်း ပြင်ဆင်၊ဖြည့်စွတ်၊ ပယ်ဖျက်၊ အတည်ပြုခြင်းလုပ်ငန်းများ၊ ခရီးလွန်သူများ ပြန်လည်ရောက်ရှိပါက မြေပြင်စာရင်းတွင် ပြန်လည်ထည့်သွင်းနိုင်ရေး၊ ကိုင်ဆောင်လက်မှတ်မရှိသူများ မကျန်ရှိစေရေးနှင့် ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင်စာရင်းရရှိစေရေးများအား ဆွေးနွေးခဲ့ကြကြောင်းသိရှိရသည်။

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ နီးကပ်နေပြီဖြစ်၍ တာချီလိတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များအနေဖြင့် အပတ်စဉ်တနင်္လာနေ့တိုင်း လုပ်ငန်းဆောင်ရွက်နေမှု လုပ်ငန်းပြီးစီးမှုအခြေအနေများအား တွေ့ဆုံညှိနှိုင်းအစည်းအဝေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အေးအေးလတ် (ခရိုင်ပြန်/ဆက်)