မြောက်ဥက္ကလာပ အောက်တိုဘာ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ စံပြ(ဂ)ရပ်ကွက်၊ ဥက္ကာ ၂ လမ်း၊ ဝါတွင်းအင်္ဂါပတ် မြတ်ဒါနသာသနာ့ဗိမ္မာန်တွင် ဂေါပကအဖွဲ့မှကြီးမှူး၍ (၇)ရက်သားသမီးများ စုပေါင်း လှူဒါန်းသော ဆွမ်းသိမ်းအောင်ပွဲနှင့် စာရေးတံမဲအလှူပွဲတော်ကို ယနေ့ နံနက် ၉ နာရီအချိန် အဆိုပါ သာသနာ့ဗိမ္မာန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာအခမ်းအနားကို ပင့်ဖိတ်ထားသော ဩဝါဒါစရိယဆရာတော်ကြီးများနှင့် သံဃာတော် အရှင်သူမြတ်များ၊ ဝါတွင်းအင်္ဂါပတ်မြတ်ဒါနဓမ္မာရုံ ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် ကော်မတီ၀င်များ၊ အလှူရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည့်တော်များက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရား ကန်တော့ခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီး သံဃာနာယကအဖွဲ့၀င် မြတ်ဒါနသာသနာဗိမာန် ဆွမ်းလောင်းဓမ္မာရုံ၏ ဩဝါဒစရိယ-ဓမ္မဝိဟာရီ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝိသာ ရဒထံမှငါးပါး သီလခံယူဆောက်တည်ကြသည်။ ထို့နောက် ပင့်ဖိတ်ထားသော ဩဝါဒါစရိယ ဆရာတော်နှင့် သံဃာတော်အရှင်သူမြတ်များကမေတ္တာသုတ် အစရှိသော ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်တော် မူကြပြီး မြတ်ဒါနသာသနာဗိမာန် ဆွမ်းလောင်းဓမ္မာရုံဥက္ကဋ္ဌ ဦးဌေးလွင်က မြတ်ဒါနသာသနာ့ဗိမ္မာန်၏ ဆောင်ရွက်ပြီးစီးမှုနှင့် ရှေ့လုပ်ငန်းစဉ်များအား လျှောက်ထားတင်ပြခဲ့သည်။
ဆက်လက်၍ မြတ်ဒါန သာသနာဗိမာန် ဆွမ်းလောင်းဓမ္မာရုံ အကျိုးဆောင် ဘဏ္ဍာရေးမှူး သင်္ချာဆရာ ဦး မောင်လှက ဝါတွင်းဆွမ်းလောင်းလှူရရှိမှု ငွေစာရင်းအားတင်ပြ လျှောက်ထားကာ မြတ်ဒါန သာသနာဗိမာန် ဆွမ်းလောင်းဓမ္မာရုံ အကျိုးတော်ဆောင်ဒုတိယဥက္ကဋ္ဌ ဦးယူစိန်မှ စာရေးတံမဲဆု စာရင်းအား ဖတ်ကြားလျှောက်ထားခဲ့ကာ စာရေးတံမဲ အလှူများ မဲဖောက်ပြီး (၇) ရက်သားသမီး အလှူရှင်များက ဆရာတော်များထံသို့ စာရေးတံမဲအလှူနှင့် သီလရှငဆရာလေးများအား အလှူငွေ အသီးသီးဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ယင်းနောက် ဩဝါဒါစရိယဆရာတော် ဘုရားထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုတို့ အတွက် ရေစက်သွန်းချ အမျှပေးဝေကအခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအားရုတ်သိမ်းခဲ့ပြီး ဆရာတာ်အရှင်သူမြတ်တို့အား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
အဆိုပါ မြောက်ဥက္ကလာပမြို့နယ်၊ စံပြ(ဂ)ရပ်ကွက်၊ ဥက္ကာ ၂ လမ်း၊ ဝါတွင်း အင်္ဂါပါတ် မြတ်ဒါန သာသနာ့ ဗိမ္မာန်ဓမ္မာရုံတွင် ဆင်ယင်ကျင်းပပြုလုပ်အပ်သော ဆွမ်းသိမ်းအောင်ပွဲနှင့် စာရေးတံမဲ အလှူရှင် ဦး၀င်းထိုက်နှင့်ဒေါ်နွယ်နီ၀င်းမိသားစုမှ ဆွမ်းချက်ဆောင် မတည်ငွေနှင့်အမိုးအတွက် လှူဒါန်းငွေ ၅၂ သိန်း၊ အလှူရှင်ကွယ်လွန်သူ ဖခင်ကြီး ဦးထွန်းကြည်၊ မိခင်ကြီး ဒေါ်အန်ချေလဲတို့အား ရည်စူး၍ သင်္ချာဆရာ ဦးမောင်လှနှင့် ဒေါ်ခင်ရီမိသားစုမှ ဆွမ်းချက်ဆောင်အပေါ်ထပ်ကာရန် အလှူငွေ ၁၁ သိန်း၊ အလှူရှင်မိခင်ကြီး ဒေါ်ခင်လှိုင်နှင့်သမီးမအိဖြူတို့မှ ဥယျာဉ် တိုင် (၈)တိုင်အတွက် အလှူငွေ ၈ သိန်း၊ ကြွရောက်လာကြသော ဩဝါဒစရိယ ဆရာတော်ကြီးများ နှင့် ဝါတွင်းကာလအခါသမယက ဆွမ်းလောင်းလှူခဲ့သော ဘုန်းတော်ကြီးကျောင်း ၁၅ ကျောင်းမှ သံဃာကိုယ်စားလှယ်များအား စာရေး တံမဲမဲဖောက်လောင်းလှူခဲ့သည့် အလှူငွေ စုစုပေါင်းမှာ ၈၇ သိန်းတိတိဖြစ်ကြောင်း အကျိုးဆောင် ဦးသန်းဦးထံမှ သိရသည်။
သက်လွင်စိုး