ဘဝရှေ့ဆောင်စာကြည့်တိုက်(၁၈)နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပ

သာကေတ အောက်တိုဘာ ၂၆

ရန်ကုန်တိုင်းဒေသကြီး ၊ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၊ ၅ ရပ်ကွက် သိင်္ဂီလမ်းတွင် တည်ရှိသော ဘဝရှေ့ဆောင်စာကြည့်တိုက်၏ (၁၈)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို အဆိုပါစာကြည့်တိုက် ၏စာဖတ်ခန်းတွင် ယမန်နေ့နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် စာကြည့်တိုက်ဥက္ကဋ္ဌဦးလှမြင့်က အဖွင့် အမှာစကားပြောကြားပြီး အမှုဆောင် ဦးဇော်နိုင်နှင့် ဦးကျော်သူတို့မှ အမှုဆောင်အစီရင်ခံစာ၊ ငွေစာရင်းရှင်းတမ်းနှင့် စာရင်းစစ် အစီရင်ခံစာတို့ကို ရှင်းလင်းတင်ပြခဲ့ကြသည်။

ထို့နောက် အခမ်းအနားသို့ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မို့မို့သူ ၊စာရေးဆရာကြီးများဖြစ်ကြသော ဒေါက်တာသန်းထိုက်၊ ဦးမြစိန်၊ စာကြည့်တိုက်နာယက ဦးမှတ်နှင့် နာယကအဖွဲ့ဝင်များ၊ ဥက္ကဋ္ဌ ဦးလှမြင့်၊ ဒုတိယဥက္ကဋ္ဌဦးကြည်မြင့်နှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

အိရွှေစင်လတ်(ပြန်/ဆက်)