ကိုကိုးကျွန်း အောက်တိုဘာ ၂၅
ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ဝန်ထမ်းများနှင့်တွေ့ဆုံကာ ဝန်ထမ်းရေးရာကိစ္စရပ်များအား စနစ်တကျဆောင်ရွက်သွားရန်နှင့် ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်၊စာငှားသူတိုးပွားရေး အလေးထားဆောင်ရွက်သွားရန် မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ပြည်သူ့စာကြည့်တိုက်အား ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအတွက် ထောက်ပံ့ငွေနှင့်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဇော်