သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

လှည်းကူး အောက်တိုဘာ ၂၅

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ရန်ကုန်တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးကျော်လင်းသန်း၊ ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ မင်းကုန်းကျေးရွာအုပ်စု၊ ဝါးယားကုန်းကျေးရွာသို့ ကျေးလက်ဒေသဖွံဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုခဲ့သည်။

ထိုသို့ကွင်းဆင်းကြည့်ရှုရာတွင် အဆိုပါကျေးရွာ၌ ၂၀၂၅-၂၀၂၆ဘဏ္ဍာရေးနှစ်တွင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်း (၀/၁.၉၇မိုင်၁၂'၇")၊ စင်မြင့်ရေစင်တည်ဆောက်ခြင်း၊ (၁၀'၁၀'၄')အမြင့်၂၀' နှင့် စာသင်ကျောင်းခြံစည်းရိုးကာရံခြင်း (၇၇၉'၅') စသည့် လုပ်ငန်းများအား စစ်ဆေး၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

ဆက်လက်၍ အမြဲတမ်းအတွင်းဝန်သည် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအာလုံး ဇန်နဝါရီလအတွင်း အပြီးဆောင်ရွက်သွားရန်နှင့် ဆောင်ရွက်ပြီးစီးသည့်လုပ်ငန်များ ရေရည်တည်တံ့စေရေး ဒေသနေပြည်သူများမှ ထိန်းသိမ်းဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်းသိရှိရသည်။

အေးအေးနွဲ့(လှည်းကူး)