မိုင်းခတ်မြို့နယ်၌ မိုးစပါးအောင်နိုင်တိုး (YSR-1) စံပြစိုက်ကွက် ရိတ်သိမ်း

မိုင်းခတ်     အောက်တိုဘာ    ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်တွင် စိုက်ပျိုးထားသော မိုးစပါးအောင်နိုင်တိုး (YSR-1) စံပြစိုက်ကွက်ရိတ်သိမ်းခြင်းကို ယနေ့နံနက်ပိုင်းက ဝမ်ခုတ်ကျေးရွာအုပ်စု၊ ပင်းကွေ့ကျေးရွာ၊ ကွင်းအမှတ် ၂၈၊ ကုန်းမွန်အနောက်ကွင်းရှိ တောင်သူဦးအိုက်ဆမ်၏ ဦးပိုင်အမှတ်(၈)၊ ဧရိယာ(၂.၃၄)ဧက၌ ဆောင်ရွက်သည်။

အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်းရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဟန်ဝင်းလတ်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်မြေစာရင်းဦးစီးမှူး ဦးဇော်ဇော်လင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးယုမောင်နှင့်ဝန်ထမ်းများ၊ ဝမ်ခုတ်‌ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် တောင်သူများ တက်ရောက်ကြပြီး အောင်နိုင်တိုးမိုးစပါးစံကွက်ရိတ်သိမ်းရာတွင် အထွက်နှုန်းတင်း ၈၉ ဒသမ ၃၄ တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)