ရန်ကုန် အောက်တိုဘာ ၂၅
မြန်မာပြည်ဗုဒ္ဓဘာသာပုညကုသလသင်း(B.B.M.A)၏(၈၅) ကြိမ်မြောက်၊ နှစ်ပတ်လည်သင်းလုံးကျွတ် အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် လမ်းမတော်မြို့နယ်၊ အနော်ရထာလမ်း၊ ၁၄ လမ်းထိပ်ရှိ အသင်းရုံးခန်း၌ ကျင်းပသည်။
အစည်းအဝေးတွင် သဘာပတိအဖြစ် ဦးကျော်ခင်မြင့်က ဆောင်ရွက်ပြီး(၈၄)ကြိမ်မြောက် နှစ်ပတ်လည်သင်းလုံးကျွတ် အစည်းအဝေးကြီးမှ ရွေးချယ်ခဲ့သောအလုပ်အမှုဆောင်များ နုတ်ထွက်ပေးကြသည်။ ဆက်လက်၍ နှစ်ပတ်လည် သင်းလုံးကျွတ်အစည်းအဝေးကြီးက အသင်းကြီး၏ဥက္ကဋ္ဌအဖြစ် ဦးမျိုးထွဋ်ကို ရွေးချယ်တင်မြောက်ပေးရန် ဦးဘိုးမင်္ဂလာက အဆိုပြုပြီး ဦးတင့်ဆွေထောက်ခံ၍ အစည်းအဝေးတက်ရောက်လာသည့် အသင်းသူ/အသင်းသားများက အတည်ပြုခဲ့ကြသည်။
ယင်းနောက်(၈၅) ကြိမ်မြောက် နှစ်ပတ်လည်သင်းလုံးကျွတ်အစည်းအဝေးမှ အသင်းကြီး နာယကများ၊ ဒုဥက္ကဋ္ဌများ၊ အကျိုးတော်ဆောင်ချုပ်၊ အကျိုးတော်ဆောင်များ၊ ဥပဒေအကြံပေး၊ ဘဏ္ဏာရေးမှူး၊ စာရင်းစစ်၊ စာကြည့်တိုက်မှူးနှင့် အမှုဆောင်အဖွဲ့သစ်အား ရွေးချယ်တင်မြှောက်ကြပြီး ဥက္ကဋ္ဌ(အသစ်)က မိမိနှင့် လက်တွဲလုပ်ကိုင်မည့် အမှုဆောင်အဖွဲ့သစ် အမည်စာရင်းအား ဖတ်ကြားတင်ပြ အတည်ပြုချက်ရယူသည်။
ထို့နောက်အသင်းဥက္ကဋ္ဌ ဦးမျိုးထွဋ်ကရှေ့ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ကြောင်း သိရသည်။
ကျော်ဆန်းမြင့်