မုဒုံမြို့နယ်တွင် လူငယ်စကားဝိုင်း ကျင်းပ

မုဒုံ အောက်တိုဘာ ၂၅

ကျောင်းသား၊ ကျောင်းသူလူငယ်များ ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့က မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ အ..က (ခွဲ) နိုင်လှုံကျောင်း၌ ပြုလုပ်သည်။

အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆန်းမြင့်မေက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းက လူငယ်စကားဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် လူငယ်စကားဝိုင်းကို ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိက ညှိနှိုင်းရေးမှူး (Moderator)အဖြစ် ဆောင်ရွက်၍ (Grade-10/11/12)မှ ကျောင်းသား/သူများက လူငယ်နှင့် ပညာရေး၊ လူငယ်နှင့် မူးယစ်ဆေး၊ လူငယ်နှင့် မီဒီယာ၊ ယဥ်ကျေးသွင်ပြင်ဝတ်စားဆင်ခေါင်းစဉ်တို့ဖြင့် အသီးသီးဆွေးနွေးခဲ့ကြသည်။

ထို့နောက် လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများက လူငယ်စကားဝိုင်းတွင် ဆွေနွေးသည့်အကြောင်းအရာများအား မိမိတို့သိရှိလို သည်များကို မေးမြန်းကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့ကြပြီး လူငယ်စကားဝိုင်းအား ရုပ်သိမ်းခဲ့သည်။ ဆက်လက်လူငယ်စကားဝိုင်းသို့ တက်ရောက်ခဲ့ကြသည့် ဆရာ/ဆရာမများ၊ ကျောင်းသား /ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော အသိပညာပေး နံရံကပ်၊ စာအုပ်စာစောင်မျာအား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။

ရာမည (ပြန်/ဆက်)