နမ့်စန်(တ) အောက်တိုဘာ ၂၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ကောင်းမြတ်ကိုယ်ပိုင်အထက်တန်းကျောင်း၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသားကျောင်းသူများ ကြက်တောင်ရိုက်ပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက အမှတ်(၅) ရပ်ကွက်ရှိ မြို့နယ်အားကစားရုံတွင် ကျင်းပခဲ့သည်။
ပြိုင်ပွဲမကျင်းပမှီ မြို့နယ်အားကစားမှူး ဦးအောင်ကိုကိုနှင့် နည်းစနစ်မှူး ဦးအေးချမ်းနိုင်တို့က ကျောင်းသားကျောင်းသူများကို ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့ပြီး ပြိုင်ပွဲကို စနစ်တကျ ကြီးကြပ်ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ကြက်တောင်ရိုက်ပြိုင်ပွဲကို အောက်တိုဘာလ ၂၇ ရက်နေ့ထိကျင်းပ ဆောင်ရွက်သွားမည်ဖြစ်ပြီး ကောင်းမြတ်ကိုယ်ပိုင်အထက်တန်းကျောင်းမှ အလယ်တန်းနှင့်အထက်တန်းအဆင့် (Single နှင့် Double) ပြိုင်ပွဲဝင် ကျောင်းသားကျောင်းသူ စုစုပေါင်း (၇၄)ဦးပါဝင်ယှဉ်ပြိုင်လျှက်ရှိကြောင်း သိရသည်။
သူရအောင်(နမ့်စန်)