ပြည်ကြီးတံခွန်မြို့နယ် တံခွန်တိုင်ရပ်ကွက်တွင် မီးလောင်မီးလန့်မှုများ မဖြစ်ပွားစေရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်

ပြည်ကြီးတံခွန် အောက်တိုဘာ ၂၅

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ် တံခွန်တိုင်ရပ်ကွက်တွင် မီးလောင်မီးလန့်မှုများ မဖြစ်ပွား မပေါ်ပေါက်စေရေးအတွက် ခရိုင်မီးသတ်ဦးစီးမှူး ဦးမင်းမင်းစိုး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ကျော်ဦး၊ မန္တလေးမြို့ မြို့နယ်မီးသတ်ဦးမှူးများနှင့် သန္ဓေ(၁၅)ဦး၊ အရန်(၇၀)ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ၊ ဈေးတာ၀န်ခံနှင့် အဖွဲ့၀င်များ ပူးပေါင်းကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် တံခွန်တိုင်အရန်မီးသတ်စခန်းအား စစ်ဆေးခြင်း၊ တံခွန်တိုင်ဈေးနှင့် တံခွန်တိုင်ရပ်ကွက် အတွင်းရှိလူနေအိမ်များအား တစ်အိမ်တက်ဆင်းစစ်ဆေး၍ မီးသုံးစွဲမှုများနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးချိတ်/ မီးကပ်/ သဲ/ ရေနှင့် မီးသတ်ဆေးဘူးများ  ပြည့်စုံစွာထားရှိစေရေးမှာကြားပြီး မီးသတိပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ‌နေမှုတို့အား တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ဦးဇော်၀င်းထွန်းမှ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဇင်မင်းမောင်