ဒလမြို့နယ် ကမာကဆစ်ဈေးနှင့် အောင်ဇေယျဈေးရှိ ဈေးဆိုင်များ၌ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများ ဆောင်ရွက်

ဒလ အောက်တိုဘာ  ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ မီးလောင်မှု၊ မီးလန့်မှုများမဖြစ်ပွားစေရေးအတွက် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများကို ယမန်နေ့ နံနက်ပိုင်းက ဒလမြို့နယ်အတွင်းရှိ ကမာကဆစ်ဈေးနှင့် အောင်ဇေယျဈေးရှိ ကုန်ပစ္စည်း အရောင်းဆိုင်များသို့ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုင်းအောင်မြတ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့၊ အဖွဲ့ဝင် ဗိုလ်မှူးသိန်းလွင်ရွှေ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှုး ဦးကျော်အောင်နှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်သူနှင့် တပ်ဖွဲ့ဝင် များ၊ ကမာကဆစ်စျေးနှင့်အောင်ဇေယျစျေး တာဝန်ခံတို့နှင့် ပူးပေါင်း၍ ကမာကဆစ်ဈေးနှင့် အောင်ဇေယျဈေးရှိ ကုန်ပစ္စည်းအရောင်းဆိုင်များ၌ မီးဘေးလုံခြုံရေးရှိစေရန်အတွက် မီးသတ် ဆေးဘူးများ စနစ်တကျထားရှိရေးနှင့် မီးလောင်မှု၊ မီးလန့်မှုများ ဖြစ်ပွားလာပါက အမြန်ဆုံးငြှိမ်းသတ်နိုင်ရေး အပေါ့စားမီးသတ် စက်များထားရှိရေး ၊ ဈေးအတွင်းရှိ လျှပ်စစ်မီးကြိုးများ၊ ဝိုင်ယာကြိုးများ စနစ်တကျထားရှိစေရေးတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်းသိရသည်။

ခင်စန္ဒာမြင့် (ပြန်/ဆက်)