တန့်ယန်း အောက်တိုဘာ ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ၂၀၂၅ - ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အသိပညာပေးမြေစိုက်ပိုစတာ စိုက်ထူခြင်းအခမ်းအနားကို အောက်တိုဘာလ ၂၅ ရက်နေ့ နံနက် ၉ နာရီက အမှတ်(၃)ရပ်ကွက် မြို့နယ်ယာဉ်ကြီးကြပ်ရေးရုံးရှေ့၌ ကျင်းပသည်။
အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦး၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီးမြင့်အောင်၊မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချန်မျိုးထွန်း၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်စိုးနှင့် တာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ်တို့မှ ဌာနဆိုင်ရာ အကြီးအကဲများက မြေစိုက်ပိုစတာအား စိုက်ထူပေးကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုင်ကူးခဲ့ကြောင်းနှင့် မြေစိုက်ပိုစတာများအား လူစည်ကားရာနေရာနှင့် လမ်းဆုံနေရာတို့တွင် စိုက်ထူပေးထားကြောင်း သိရသည်။
မင်းလွင်ဦး(တန့်ယန်း)