ခရမ်း အောက်တိုဘာလ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာရေးဆရာမ ဒေါက်တာမေမွန်၏ "အကောင်းဆုံးတွေပဲဖြစ်စေချင်" စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ကျင်းပခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်နှင်းဝေက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းနွေးပြီး Book Clubအဖွဲ့ဝင် မောင်ပိုင်ပိုင်ဖြိုးကစာရေးဆရာမ ဒေါက်တာမေမွန်၏ "အကောင်းဆုံးတွေပဲဖြစ်စေချင်" စာအုပ်တွင်မိဘတိုင်းသည်မိမိတို့၏ သားသမီးများကို အရာရာတွင်အတော်ဆုံး၊ အကောင်းဆုံးများကိုသာ ဖြစ်စေချင်ကြသည့်အတွက် ငယ်စဥ်ကတည်းကပင် မိမိသားသမီးများ၏ဘ၀ကို စိတ်ကူးပုံဖော်ပြီး ပြုစုပျိုးထောင်ပေးသင့်ကြောင်း၊ မိဘများအနေဖြင့် မိမိတို့၏ဖြစ်စေချင်သောဆန္ဒများကို ရှေ့တန်းမတင်ဘဲ မိမိသားသမီးများ၏ ဖြစ်စေချင်သောအရာများကိုလက်ခံနားထောင်ပေးသင့်ကြောင်း၊ ငယ်ရွယ်သူများ၏ကမ္ဘာကြီးကို သိလိုစိတ်အပြည့်ဖြင့် စူးစမ်းလေ့လာသင်ယူနေကြသည့်အတွက် မိဘများအနေဖြင့် လမ်းမှားမရောက်အောင် ဆုံးမပြုပြင်သင့်ပါကြောင်းတို့ကို ရေးသားထားသော စာအုပ်ဖြစ်ပါကြောင်း စာအုပ်ပါ အကြောင်းအရာများကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ Youth Club အဖွဲ့ဝင် မောင်ကောင်းခန့်အောင်က မိဘများနေဖြင့် မိမိသားသမီးများကို အရာရာတွင် ကန့်သတ်ချုပ်ချယ်မှုများကို အတင်းအကြပ် မပြုလုပ်သင့်ကြောင်း၊ ငယ်ရွယ်သူများ၏ လွတ်လပ်ခွင့်ကိုလေးစားသင့်ကြောင်း၊ စိတ်ကောင်းရှိအောင် ပြုစုပျိုးထောင်သင့်ကြောင်းနှင့် လိမ်လည်လှည့်ဖြားပြောဆိုတတ်သည့် အလေ့အကျင့်များမရှိအောင်တတ်နိုင်သမျှ နားလည်သဘောပေါက်အောင် ပြောဆိုဆုံးမသင့်ပါကြောင်း ရေးသားထားသော စာအုပ်ဖြစ်ပါကြောင်းနှင့် စာအုပ်ပါအကြောင်းအရာများကို ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ခရမ်း (ပြန်/ဆက်)