ကျောက်ဆည်မြို့ ရဲဘော်ကြီးကျေးရွာရှိ စံပြကွက်ပဲတီစိမ်းစိုက်ခင်းကို ရိတ်သိမ်းရာ တစ်ဧက(၂၃.၆၀)တင်းထွက်ရှိ

ကျောက်ဆည် အောက်တိုဘာ  ၂၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဒေသနှင့်ကိုက်ညီသည့် ရေဆင်း-၁၁ ပဲတီစိမ်းမျိုးများ အဓိကထားစိုက်ပျိုးကြပြီး ရဲဘော်ကြီးကျေးရွာ ကွင်းအမှတ်(၁၂၇-ဃ)၊ ဦးပိုင်အမှတ်(၁၃၄/၁၊၁၂၂) တောင်သူဦးညွှန့်ဝင်းစိုက်ပျိုးထားသော စံပြကွက်ပဲတီစိမ်းစိုက်ခင်းအား ရိတ်သိမ်းခဲ့ရာ တစ်ဧက(၂၃.၆၀)တင်းထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကျောက်ဆည်မြို့နယ်တွင် ပဲတီစိမ်းသီးနှံများကို ပန်းခွာ၊ ကျီးပြ၊ သင်ပျို၊ ကျီးအိပ်၊ ဒွေးလှ၊ ငါးဆူ၊ ရှားပင်၊ ဒါန်းတိုင်၊ ရန်ဘက်လို၊ ပေတောကြီး၊ ဘုံကွင်း၊ စင်းကွန်း၊ လက်ပန်ပင်၊ မယ်ဇယ်ပင်၊ တံစိုး၊ သူငယ်တော်၊ ပွတ္တိုင်၊ မြောင်းဦး၊ အနောက်သာဂရ၊ ရွာပုလဲ၊ကတဲ၊ ဇရပ်ဖြူ၊ သင်ပုတ်၊ ညောင်ရွေ၊ လက်ပန်၊ ညောင်ဝန်း၊ ကြောင်ပန်းကုန်း၊ တောင်နောက်၊ သင်တောင်း၊ အင်တိုင်း၊ ပြည်ပန်း၊ ကြက်မင်းတွန်၊ ပတ္တာ၊ ပင်တလည်၊ သမန္တလင်း၊ မြင်းကဘက်၊ မုံ့ပေါင်း၊ လက်ပံဇင်၊ ရဲဘော်ကြီး၊ ဖျောက်ဆိပ်ပင်၊ ရွာသစ်၊ ရေသရောက်၊ ချောင်းဆုံ၊ သရက်ပင်၊ ရဲ၊ ကြောင်၊ သင်္ဂတုံ၊ အရှေ့သာဂရ၊ ကလေး၊ မှိုင်းပန်၊ ပြည်တော်သာ၊ ရှမ်းတောင်ဦး၊ ကုလားကျောင်း၊ ကိုးပင်၊ အင်ရောင်း၊ ကလိုင်ကျော်၊ ရဲမအူ၊ စိုင်မလန်း၊ မင်းစု၊ စပါယ်တော၊ ရွှေအင်း၊ လေးဆယ်ကုန်း၊ တောတွင်၊ မြေစိုပါယ်၊ ဟံမြင်ံမိုရ်၊ လယ်ကြီး၊ ပုန်းညက်ကျေး၊ ကျားကာ၊ သံရွာ၊ ခတက်ကုန်း၊ ဆူးလေကုန်း၊ ပေါက်ပင်ကွေ့၊ မြေစိုမိုး၊ ပဲခင်း၊ ပေါင်လောင်၊ တောင်တော်၊ ကင်းကျေးရွာများတွင် စုစုပေါင်း(၉၃၅၆)ဧက စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ပဲတီစိမ်းစိုက်ခင်းများ အောင်မြင်ရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် သက်ဆိုင်ရာဌာများမှ တာဝန်ရှိသူများက မြေပြင်ခြင်း၊ မျိုးရွေးချယ်ခြင်း၊ စိုက်ပျိုးခြင်း၊ အပင်ပြုစုနည်းများကို တောင်သူများနှင့်ပူးပေါင်း၍ အသိပညာများစနစ်တကျ ကူညီပေးလျက်ရှိကြောင်းသိရသည်။    

သက်မောင်(ကျောက်ဆည်)