ပန်းဘဲတန်းမြို့နယ်၌ အရေးပေါ်အသက်ကယ်ဆယ်ရေးနှင့် ရှေးဦးသူနာပြုစုနည်းသရုပ်ပြဟောပြောပွဲပြုလုပ်

ပန်းဘဲတန်း   အောက်တိုဘာ  ၂၅  

ပန်းဘဲတန်း မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ပူးပေါင်း၍ အရေးပေါ်အသက်ကယ်ဆယ်ရေးနှင့် ရှေးဦးသူနာပြုစုနည်းသရုပ်ပြ ဟောပြောပွဲကို ယမန်နေ့က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဧကရီခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ဦးသိန်းလင်းအောင်က အဖွင့်အမှာစကားပြောကြားသည်။ ပြီးနောက် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးအောင်ကိုဦးမှ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက အရေးပေါ်အသက်ကယ်ဆယ်ရေးနည်းလမ်းများကို ဆွေးနွေးပြောကြားပြီး ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးတင်ကိုကိုက ရှေးဦးသူနာပြုစုနည်းကို သရုပ်ပြဆောင်ရွက်ခဲ့သည်။

ထို့နောက် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းခေတ္တဥက္ကဋ္ဌ ဒေါ်ထက်ထက်ဝင့်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လာသူများက စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)