ကွမ်းခြံကုန်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ကွမ်းခြံကုန်းမြို့ အောက်တိုဘာ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကွမ်းခြံကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ၊ ဒေါ်နန့်ဆွေနွယ်ဦးက ဘောဂဗလ၊ ကာယဗလ၊ ဉာဏဗလ၊ မိတ္တဗလ၊ စရိတ္တဗလစသည့် ဗလငါးတန်ပြည့်ဝသည့် လူငယ်များဖြစ်လာစေရန် စာပေသည် မကောင်းမြစ်တာ ကောင်းရာညွှန်ပြနိုင်ကြောင်း၊ စာဖတ်သူကို ဉာဏ်အလင်းရောင်ရအောင် ပေးဆောင်နိုင်ကြောင်း၊ စာပေသည်လူသားတို့၏ ဘဝရှေ့ဆောင်မီးရှူးရောင်ဆိုသည့်စကားအတိုင်း လောကတွင် အမှောင်ခွင်း၍ အလင်းဆောင်သူများမှာ စာပေသာဖြစ်ကြောင်းနှင့် စာမဖတ်ခြင်းက သင့်ဘဝကို နိမ့်ကျစေမှာဖြစ်ပြီး စာဖတ်ခြင်းဖြင့်သင့်ဘဝကို တောက်ပစေမှာဖြစ်ကြောင်းကို ဟောပြောခဲ့ပါသည်။

အဆိုပါ ဟောပြောပွဲတွင် ကျောင်းသား/ကျောင်းသူများ တက်ရောက်ရောက်ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော နံရံကပ်စာစောင်အား ကြည့်ရှုခဲ့ကြောင်းသိရသည်။

ဆွေနွယ်(ပြန်/ဆက်)